Chapter 43.2

687 55 11
                                    

အိပ်ခန်းထဲသို့ ပြန်​ရောက်ပြီးလျှင်။

အခန်းတံခါးကိုပိတ် ၊ ဝိန်းရိဖန်က တံခါးအား ကပ်လျက်မှီထားရင်း သက်ပြင်းတစ်ချက်ချလိုက်မိ၏။ အသက်ရှူနှုန်းများငြိမ်သက်တည်ငြိမ်သွားကာမှ ​ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်လျှင် တဒိတ်ဒိတ်ခုန်​နေသည့်နှလုံးခုန်သံများအား အတိုင်းသားကြား​နေရ​တော့သည်။

အ​တော်ကြာသည်အထိလည်း ငြိမ်ကျမသွားနိုင်ခဲ့​ပေ။

ဝိန်းရိဖန် ​ရေပိုက်​ခေါင်းကိုပိတ် ၊ မျက်နှာအား တစ်သျှူးဖြင့်သုတ်ကာ မှန်ထဲစိုက်ကြည့်​နေမိလိုက်၏။ စန်းရန်​နောက်ဆုံး​ပြောသွားသည့်စကားလုံးများမှာ ဦး​နှောက်ထဲ ကပ်ညှိ​နေသည့်အလား ဘယ်လိုပင်ခွာချခွာချ ကွာကျမသွားနိုင်ခဲ့​ချေ။

--'လုပ်ရဲရင် လာခဲ့​လေ'

သူမ ဘယ်က​နေဘယ်လို လုပ်ရဲပါ့မလဲ....

သူမ ဘယ်က​နေဘယ်လို မိုး​​လောက်ကြီးတဲ့သတ္တိမျိုးရှိပါ့မလဲ....

ဤအ​ကြောင်းကိုစဥ်းစားမိပြီး​နောက် ဝိန်းရိဖန် ​နောက်တစ်ကြိမ် မျက်နှာထပ်သစ်မိကာ သူမ၏အသိစိတ်များကို ပြန်လည်​ဖော််​ဆောင်ဖို့ရာ ကြိုးစားပါ​တော့၏။

ဝိန်းရိဖန် မှတ်မိပါ​သေးသည် ၊ 'ငါက အဲ့လိုအဓိပ္ပါယ်မျိုးဆိုလိုတာမဟုတ်ဘူး' ဆိုသည့်ဝါကျတစ်​ကြောင်းကိုသာ အားတင်း၍​ပြောဆိုမိခဲ့ပြီး ထို့​နောက်တွင်​တော့ တစ်လှမ်းမျှမရပ်ပါ​တော့ဘဲ အိပ်ခန်းထဲ ဝင်လာပါ​တော့၏။ လွန်ခဲ့သည့်မိနစ်ပိုင်း​လေးတွင်မှ ဖြစ်သွားသည့်ကိစ္စဆိုပါသည့်တိုင် သူမအ​နေဖြင့် ဤတစ်ကြိမ်တွင် ဘယ်လိုများကိုယ့်ကိုကိုယ် မတုန်မလှုပ်ထိန်းချုပ်ထားခဲ့သည့်အ​ကြောင်းကို​တော့ သိပင်မသိပါ​တော့​ပေ။

ကြည့်ရသည်မှာ တည်ငြိမ်​နေသည်နှင့်လည်း တူလွန်းလှသလို....

အ​ဝေးသို့ထွက်​ပြေး​​နေခြင်းနှင့်လည်း တူလွန်းလှ၏။

ဝိန်းရိဖန် သက်ပြင်းကြီးကြီးချမိရင်း သူမ၏အမူအရာများက စိတ်လိုက်မာန်ပါဖြစ်သွားသလားပင် မ​ဝေခွဲတတ်​တော့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now