Chapter 75

505 38 2
                                    

အ​နောက်ဘက်ခုံတွင်ထိုင်​နေသည့် ဖုကျွမ့်က အ​ရှေ့ဘက်သို့​ခေါင်းပြူထွက်လာပြီး အံ့သြတကြီးဖြင့် ;

"အဲ့​လောက်​တောင် တိုက်ဆိုင်ရလား ၊ အရင်ကတည်းက အဲ့လူက လူ​​ကောင်း​တော့မဖြစ်နိုင်ဘူးလို့ခံစားမိခဲ့တာ ၊ လူပါသတ်ထားတာတဲ့လား ၊ ကျွန်​တော်​တောင် သူ့ကို လက်နဲ့ထိထားမိခဲ့​သေးတယ် ၊ ကျွန်​တော် တကယ်ကြီး ဦး​ရေပြားတစ်ခုလုံး ရှိန်းခနဲဖြစ်​နေပြီ"

ဝိန်းရိဖန်အတွက်လည်း ဤသတင်းဟာ အံ့သြတုန်လှုပ်သွားရသည့်သတင်းတစ်ခု။ သို့​သော် အ​သေအချာပြန်​တွေးကြည့်လိုက်သည့်အခါ ချယ်ရှင့်ဒယ်၏စရိုက်အရ ဤလုပ်ရပ်မျိုးက ထိုလူ လုပ်ရက်နိုင်သည့်ကိစ္စမျိုးပင်ဖြစ်သည်။

"အ​သေးစိတ်အ​ခြေအ​နေက​တော့ အခုထိရှင်းရှင်းလင်းလင်းမဖြစ်​သေးဘူး ၊ အခုလက်ရှိမှာ တရားခံကိုလည်း ဖမ်းမမိ​သေးဘူး ၊ ကြည့်ရတာ သတင်းရပြီး​တော့ ထွက်​ပြေးနှင့်ပြီထင်တယ် ၊ ဒါ​ပေမယ့် သူ့​ဘေးနားကလူ​တွေက​တော့ ​မေးမြန်းစစ်​ဆေးဖို့အတွက် ထိန်းသိမ်းခံထားရပြီးပြီ ၊ အ​လောင်းရှိတဲ့​နေရာကို ချယ်ရှင့်ဒယ်ရဲ့အစ်မက ဝန်ခံတာ"

ဝိန်းရိဖန်က တစ်ချက်​တွေး​တောကြည့်လိုက်၏။

"ဘယ်သူက ရဲတိုင်တာလဲ ၊ ဘယ်လို သက်​သေမှတ်တမ်းမျိုးလဲ"

ချန်​ဝေ့ဟွာ ရှင်းပြသည့်အ​ခြေအ​နေကို အစအဆုံးနား​ထောင်ပြီးသည့်အခါ ဝိန်းရိဖန်စိတ်ထဲ ​ဖြေး​ဖြေးချင်းသ​ဘော​ပေါက်လာခဲ့သည်။

ရဲစခန်းသို့ သွား​ရောက်တိုင်တန်းသည့်အမျိုးသမီးမှာ 'ကျိန့်လင်' ၊ ချယ်ယန့်ချင်၏​ချွေးမ ၊ ဝိန်းမင်၏ဇနီး ဖြစ်သည်။ လွန်ခဲ့​သောရက်သတ္တပတ်ခန့် ညတစ်ညတွင် ကျိန့်လင်အား အရက်မူး​နေသည့်ချယ်ရှင့်ဒယ်က ကိုယ်ထိလက်​ရောက်ထိပါးမှုမျိုးပြုခဲ့ပြီး မိသားစုအတွင်း ပြဿနာအကြီးအကျယ်တက်ခဲ့ကြ၏။ ​ဘေးပတ်ဝန်းကျင်အိမ်နီးချင်းများလည်း မသိသူမရှိ​အောင် အုတ်​အော်​သောင်းနင်းဖြစ်ခဲ့သည့်အ​ခြေအ​နေပင်။

ချယ်ယန့်ချင် ငို​ကြွေးပြီး​တောင်းပန်​နေမှု​ကြောင့်သာ ကျိန့်လင်သည် ကိစ္စအား ရဲစခန်းသို့တိုင်ကြား​တော့မည့်အ​ရေးကို အ​ခေါက်​ခေါက်အခါခါစဥ်းစားပြီးမှ လက်​မလျော့​ချင်ဘဲ လက်​လျော့​ပေးလိုက်ရ၏။ သို့​သော် လင်မယားနှစ်​ယောက်မှာမူ ထို​နေ့ညကတည်းက အိမ်​ပေါ်မှဆင်းလာခဲ့ပြီး မိသားစုနှင့်အဆက်အသွယ်ဖြတ်လိုက်သည့်အလား လုံးဝ အိမ်ပြန်မလာ​တော့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now