Chapter 37

530 41 1
                                    

လှုပ်ရှားမှုတစ်ခု​နောက်သို့လိုက်သွားခဲ့ရင်း ​လေဟာပြင်တွင်ရှိ​နေသည့်သူ့လက်​မောင်းတစ်စုံကို ထိမိလိုက်သည့်အခါတွင်​တော့ ဝိန်းရိဖန်တစ်​ယောက် လျှပ်စီးဓါတ်များကူးစက်ခံသလိုပင် ခံစားလိုက်ရသည်။ လက်​နောက်ပြန်ရုတ်ချင်သည့်အသိစိတ်တစ်ခု​အပြင် မ​နေနိုင်​အောင် အ​ရှေ့သို့ဆက်တိုးချင်သည့်ဆန္ဒမျိုးပါ တစ်ပြိုင်နက်​ပေါ်​ပေါက်လာခဲ့သည်။

ဤရှု​ထောင့်မှ၏ကြည့်လျှင် သူမအ​နေဖြင့် ဘာဆိုဘာမှမမြင်ရ​ချေ။

စန်းရန် ​ခေါင်းငုံ့ကြည့်လာသည်ကိုသာခံစားမိလိုက်ပြီး ခပ်ကျယ်ကျယ်ရင်ဘတ်တစ်စုံကလည်း နွေး​ထွေးမှု​နှင့်အတူ မသိမသာ​လေးနိမ့်ချည်မြင့်ချည်ဖြစ်​​နေသည်။ သူမ၏အသက်ရှူ​ငွေ့များဟာလည်း သူ့ကိုယ်သင်းရနံ့များနှင့် လုံးလုံးလျားလျား​ပေါင်းစည်းသွားပါ​တော့သည်။

​ဘေးပတ်လည်တွင်ရှိနေသည့် ​လောကကမ္ဘာကြီးနှင့် အဆက်ဖြတ်လိုက်သလိုပါပင်။

ဤအချိန်၌ ဝိန်းရိဖန် ခံစားမိလိုက်သည်မှာ နှလုံးသားထဲမှလစ်လပ်​နေခဲ့​သော​နေရာတစ်ခုဟာ အရာဝတ္ထုတစ်ခုခုဖြင့် တဖြည်းဖြည်း ဖြည့်ခံလိုက်ရ​သောခံစားချက်မျိုးဖြစ်သည်။ ​ထိုတည်မြဲသေချာလွန်းသည့်ခံစားချက်မှာမူ အပ်ချည်ကြိုးမျှင်​လေးများဖြင့် သူမအား ရစ်​နှောင်​နေသည့်အလားပင်။

သူတစ်​ယောက်တည်းကသာ လွှဲ​ပြောင်း​ပေးနိုင်​သောအ​နွေးဓါတ်​လေးနှင့်လည်း တူပါ​သေးသည်။

တစ်စက်​လေးမျှ ၊ အနည်း​ငယ်လေးမျှနှင့်ပင် လုံ​လောက်​စေနိုင်ခဲ့သည့်အ​နွေးဓါတ်​လေး။

ဝိန်းရိဖန်သည် သူမ၏စိတ်ခံစားချက်ကို အစွမ်းကုန်ဖုံးဖိထားပြီး အသက်ရှူနှုန်းကိုလည်း တတ်နိုင်သမျှ အငြင်သာဆုံးဖြစ်​အောင် ကြိုးစား​နေခဲ့သည်။

သူမအ​နေဖြင့် အချိန်အကြာကြီးလည်း မဖက်ထားရဲပါ​ပေ။ ဘယ်လိုပင်ဖြစ်​စေ အိပ်​ပျော်ချင်​ယောင်​ဆောင်ထားပြီး အခြားသူအ​ပေါ် ယခုလိုမျိုးလုပ်​နေခြင်းမှာ ဂုဏ်ယူစရာ​ကောင်းသည့်ကိစ္စလည်းမဟုတ်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now