Chapter 7

634 47 0
                                    

တိုက်ရိုက်ထုတ်လွှင့်မှုပြီး​သည့်နောက်တွင် ကျန့်ယွီက မီးရှုးမီးပန်းပွဲ​တော်သို့လာ​ရောက်လည်ပတ်ကြသည့်မြို့သူမြို့သားများအား ​​အင်တာဗျူးမေးမြန်း​နေခဲ့သည်။

ထို့​နောက်တွင်​တော့ တစ်အုပ်စုလုံး ပါလာသည့်ပစ္စည်းများကို ထုတ်ပိုးပြီး ပြန်လာကြ​​တော့သည်။

အခု​လေးတင်ဖြစ်သွားခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ ဝိန်းရိဖန်၏စိတ်ထဲ မတင်မကျဖြစ်​နေရကာ ကား​နောက်ခန်းရှိ သူမ၏​ဘေးတွင်ထိုင်​နေသည့် ဖုကျွမ့်အား ​ခေါ်လိုက်၏။

"သာ့ကျွမ့် "

ဖုကျွမ့်က တုန့်ပြန်သံပြုလိုက်၏။

"​အေ့"

ဝိန်းရိဖန်၏ Mask က ဝတ်ထားဆဲဖြစ်ကာ

"တကယ်လို့ မင်းက အစ်မကို လမ်း​ပေါ်မှာ​တွေ့လိုက်တယ်ပဲထား..အစ်မက အခုလိုမျိုး Mask တပ်ထားမယ်...မင်းမ​တွေ့ဖူး​သေးတဲ့ အဝတ်အစားမျိုးကိုလည်း ဝတ်ထားမယ်ဆိုရင်.."

ဝိန်းရိဖန် စကားကိုခဏရပ်လိုက်ပြီး​​နောက် အ​လေးအနက်​မေးလာခဲ့၏။

"မင်း မှတ်မိ​နိုင်​လောက်မလား"

" Mask ပဲတပ်ထားတာလား"

ဖုကျွမ့်က တစ်ခဏမျှစဥ်းစား​နေပုံရပြီး​နောက် အလွန်အမင်း​တွေးထားသည့်ပုံစံမျိုးဖြင့်

"တခြားဖုံးထားမျိုး​တွေ မပါဘူးလား? ဥပမာ ​နေကာမျက်မှန်တပ်ထားတာတို့ ဦးထုပ်​ဆောင်းထားတာတို့..တစ်ခုခု​ပေါ့ဗျာ"

"အခုလိုပုံစံမျိုးအတိုင်း​ပဲ"

ဖုကျွမ့်က လုံးဝ​သေချာသည့်ဟန်ပန်ဖြင့်

"​သေချာ​ပေါက် မှတ်မိနိုင်တာ​ပေါ့ဗျ!"

"...."

"ရိဖန်ကျဲ..မှန်​သောစကားကို​ပြောရမယ်ဆိုရင် ကျွန်​တော်​လေ အစ်မ​လောက်လှတဲ့လူမျိုးကို တစ်ခါမှမ​တွေ့ခဲ့ဖူးဘူး"

ဖုကျွမ့်က အနည်းငယ်ရှက်သွားသည့်အလား ​ခေါင်းကိုကုတ်ရင်း

"ကျွန်​​တော် ပထမဆုံးအလုပ်ဝင်တဲ့​နေ့တုန်းက အစ်မကို​တွေ့လိုက်တဲ့အချိန် ဘယ်က ရုပ်ရှင်မင်းသမီး​ရောက်​နေတာလဲတို့​တောင် ထင်မိသွားတာ"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now