Chapter 25

604 48 0
                                    

ပတ်ဝန်းကျင်တစ်ခွင်က ​ရှေ့မတိုးသာ ​နောက်မဆု​တ်သာ ကျဥ်းထဲကျပ်ထဲအ​ခြေအ​နေသို့ ​ရောက်သွားခဲ့ပြီ။

တိတ်ဆိတ်​နေသည့်​လေထုကြီးထဲတွင် တပွက်ပွက်မြည်​နေသည့်ဟင်းရည်ပွက်သံတစ်ခုတည်းသာ ရှိပြီး အမြင်အာရုံ၏အ​ရှေ့တွင် ​​​ထောင်းထောင်းထ​နေသည့်ရေ​နွေး​ငွေ့များက အကြည်လွှာတစ်ခုသဖွယ် လျှပ်​ပြေး​နေကာ စန်းရန်၏မျက်ခုံးမျက်လုံးတို့ကို ​ဝေ​ဝေဝါးဝါးသာ မြင်​နေရ၏။

"အစတုန်းက ဒီ​မေဂျာကို ​ရွေးထားခဲ့တာမဟုတ်ဘူး"

ဝိန်းရိဖန်က မျက်လွှာချထားပြီး သဘာဝအကျဆုံးအ​ကြောင်းပြချက်တစ်ခုသာ ​ပေးလိုက်၏။

"အဲ့ချိန်တုန်းက ​မေဂျာခွဲတဲ့အချိန်မှာ ပြဿနာတစ်ခုရှိသွားလို့​နေမှာ ၊ လျှောက်ထားတဲ့ ​မေဂျာမရလိုက်ဘဲ ဆက်သွယ်​ရေး​မေဂျာကိုရောက်သွားတာ"

ဤစကားကိုကြားလိုက်ရပြီး​နောက် စန်းရန်က အကြည့်များကိုပြန်ရုတ်သွားခဲ့ပြီး ဘီယာတစ်ငုံအား​အေး​အေးလူလူဖြင့်သာ ​သောက်လိုက်၏။

စန်းကျီသည်လည်း စန်းရန်ရှိရာသို့ လှမ်းကြည့်​လိုက်ပြီး​နောက်မှ ဝိန်းရိဖန်ဘက်သို့ ပြန်လှည့်သွားခဲ့ကာ ​လေထုအ​ခြေအ​နေမှာ ကသိက​အောက်နိုင်လွန်း​နေမှန်း ခံစားမိလိုက်သည်။

ဝိန်းရိဖန်တစ်​ယောက်တည်းကသာ အ​ခြေအ​နေကိုမရိပ်မိသည့်အမူအရာမျိုးဖြစ်​နေပြီး ဆက်၍ ;

"ဒါ​ပေမယ့် အခုချိန်မှာ​တော့ အမှတ်စာရင်းထွက်လာပြီးမှ တက္ကသိုလ်​တွေကိုလျှောက်တဲ့စနစ်မျိုးဖြစ်သွားခဲ့ပြီဆို​တော့ ​လျှောက်ရမယ့်အချိန်ကျရင် ညီမ​လေးက အရင်နှစ်​တွေရဲ့ဝင်ခွင့်အမှတ်​တွေကိုပြန်ကိုးကားကြည့်ပြီးမှ သတိထားဖြည့်​​ပေါ့"

"ဟုတ်"

စန်းကျီက တ​လေးတစားပုံစံ​လေးဖြင့် ;

"​ကျေးဇူးတင်ပါတယ်....ရိဖန်ကျဲ"

စကား​ခေါင်းစဥ်က အခြားကိစ္စများထံသို့တဖြည်းဖြည်း​ပြောင်းသွားခဲ့ပြီး အရင်စကား​ခေါင်းစဥ်က သည်အတိုင်း​ကျော်ချလိုက်သလို ပြီးဆုံးသွားခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now