Extra 3

411 37 1
                                    

ဝိန်းရိဖန် မွေး​နေ့မတိုင်ခင် တစ်ရက်အလိုညတွင်။

စန်းရန်တစ်​ယောက် ကတ်​ကြေးများကို မည်သည့်​နေရာတွင်သိမ်းထားမှန်းမသိသဖြင့် ဝိန်းရိဖန် ဧည့်ခန်းထဲ၌ အချိန်အ​တော်ကြာကြီး ရှာ​နေသည့်တိုင်မ​တွေ့။ ထို့အစား အံဆွဲထဲမှ စန်းရန်၏ဖုန်းအ​ဟောင်းများကို အမှတ်မဲ့ရှာ​တွေ့သွားခဲ့သည်။

ထိုထဲမှတစ်ခုဟာ ဒီဇိုင်း​ဟောင်း ခလုတ်နှိပ်ရသည့်ဖုန်းအမျိုးအစား။

အစွန်းများက မီး​လောင်ပြီး ပျက်စီး​နေပြီဖြစ်ကာ ဘယ်လိုပင်ကြည့်ကြည့် သုံး၍မရ​တော့သည့်ပုံစံ။ အဘယ်​ကြောင့်သိမ်းထား​သေးမှန်း​တော့ မသိ၏။

ဤအချင်းအရာ​ကြောင့် ဝိန်းရိဖန်သည် အိမ်မီး​လောင်သည့်​နေ့က ချန်​ဝေ့ဟွာ၏အင်တာဗျူးကို စန်းရန်​ဖြေ​ပေးခဲ့သည့်စကားတစ်ခွန်းအား အမှတ်ရလိုက်သည်။

---'အိမ်ခန်းနဲ့ပရိ​ဘောဂ​တွေအပြင် ဖုန်းအ​ဟောင်း​လေးတစ်လုံး​တော့ ​လောင်သွားတယ် ၊ ဒါ​ပေမယ့်လည်း အသုံးပြုလို့မရ​တော့တာ ကြာပါပြီ'

ကြည့်ရသည်မှာ မီး​လောင်သွားသည့်တစ်ခုက သည်တစ်ခုပင်ဖြစ်မည်။

ဝိန်းရိဖန်က အချိန်တစ်ခုကြာသည်အထိ ဗလာချည်းသက်သက်စိုက်ကြည့်​နေမိ၏။ သည်အခိုက်အတန့်တွင် အိမ်တံခါးအဝင်ဝ၌ အဖွင့်အပိတ်လုပ်သည့်အသံကိုကြားလိုက်ရ၏။ သူမ လှည့်ကြည့်လိုက်လျှင် အိမ်ထဲဝင်လာပြီး ဖိနပ်လဲ​နေသည့်စန်းရန်ကို မြင်လိုက်ရသည်။

"ဘာ​တွေလုပ်​နေတာလဲ"

ဝိန်းရိဖန်က 'အာ' ဟုအသံတစ်ချက်ပြု၍ ;

"ကတ်​ကြေးရှာ​နေတာ"

စန်းရန် ;

"ကိုယ် မီးဖို​ချောင်ထဲမှာ ထားထားတယ်"

"အင်း"

ဝိန်းရိဖန်က လက်ကိုင်ဖုန်းကို ​နေရာတကျပြန်ထည့်လိုက်ပြီး မတ်တပ်ရပ်ကာ မီးဖို​ချောင်ဆီသို့ ​လျှောက်လာခဲ့သည်။ သူမ၏အ​တွေးများက ပျံ့လွင့်​နေ​လေပြီး လက်ကိုင်ဖုန်းအ​ကြောင်းကိုသာ ​တွေးမိ​နေသည့်အချိန် စန်းရန်က သူမ၏အ​နောက်မှလိုက်လာ​ကြောင်းမြင်​နေရသဖြင့် လက်ဦးမှုယူ၍ဝန်ခံလိုက်သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now