Chapter 55

697 64 4
                                    

ယခုနှစ်၏နှစ်သစ်ကူးအချိန်အခါမှာ ယခင်ကနှစ်များထက် ​နောက်ကျ​သည်။

နှစ်သစ်ကူးမတိုင်ခင်၏တစ်ခု​သောည​နေခင်းတွင် ဝိန်းရိဖန်သည် ကျုံးစစ်​ချောင်နှင့် ညစာစားရန် ကြိုတင်အချိန်းအချက်ပြုထားခဲ့သည်။ ကျုံးစစ်​ချောင်က နှစ်သစ်ကူးပိတ်ရက်ကာလ,စတင်​နေပြီဖြစ်ကာ ယ​နေ့တွင် 'ရှန့်အန်း'ရပ်ကွက်ဘက်သို့ လမ်းကြုံ​ရောက်လာရင်း ဝိန်းရိဖန်ရှိရာသို့ရောက်လာခဲ့သည်။

အလုပ်ဆင်းသည့်အခါ ဝိန်းရိဖန်က ကျုံးစစ်​ချောင်နှင့် ​အောက်ထပ်တွင်​ဆုံကြ၏။

နှစ်​ယောက်သား မ​​တွေ့ဖြစ်ခဲ့ကြသည်မှာလည်း နှစ်လနီးပါး​ပေ။

​ဆောင်းရာသီကို တစ်ဝက်နီးပါး​ကျော်ဖြတ်လာကြပြီးဖြစ်သည့်အတွက်​ကြောင့် ကျုံးစစ်​ချောင်၏အသားအရည်မှာ ယခင်ကထက်ကိုဖြူ​ဖွေး​နေ၏။ ဆံပင်ခပ်တိုတိုညှပ်ထားပြီး အဖျားနားတွင် ​ကွေး​ကွေး​လေး​ကောက်ထားကာ ကြည့်ရသည်မှာစိတ်​ကောင်းဝင်​နေသည့်ပုံပင်။

နှစ်​ယောက်သားက အနီးဆုံး​ဟော့​ပေါ့ဆိုင်ကိုသာ ​ရွေးလိုက်ကြသည်။

ဝိန်းရိဖန်သည် ပန်းကန်လုံးနှင့်တူအား ​ရေ​နွေးဖြင့်ကျင်း​နေသည့်အချိန် အ​တွေးများက အနည်းငယ်လွင့်​မျောသွားရ​သေးသည်။ တရိပ်ရိပ်နှင့်​တွေးလိုက်မိသည်မှာ 'ရှန့်လန်' နိုင်ငံခြားမှပြန်​ရောက်ခါစအချိန်တုန်းက သူတို့လူတစ်စု အပြင်ထွက်ထမင်းအတူတူစားခဲ့ကြ​သေးသည့်ကိစ္စ။ ထိုအချိန်တုန်းက ကျုံးစစ်​ချောင်သည် ဝိန်းရိဖန်မှာ ​​အမြဲတမ်းနီးနီးရေ​နွေး​လောင်တတ်သည့်အတွက် သူတို့အ​နေဖြင့် ​ရေ​နွေးမကိုင်ခိုင်းရဲ​ကြောင်း စကားအဖြစ်ပင်​ပြောပြခဲ့ဖူးသည်။

စန်းရန်က ထိုစကားကို အ​သေအချာကြားလိုက်သည့်ပုံပင်။

ဤအချိန်တွင် ကျုံးစစ်​ချောင် စကားဆိုလာခဲ့၏။

"ဒါနဲ့.....နင် အထက်တန်းတုန်းက စန်းရန်ကို ငြင်းခဲ့တာနဲ့ပတ်သတ်ပြီး သူ အခု နင်နဲ့စာရင်းရှင်း​​ချင်တာမျိုးရှိ​နေနိုင်လား"

ဝိန်းရိဖန်က ထိုအခါတွင်မှ အာရုံပြန်စုစည်းသွား၍ ;

"သူ အဲ့အ​ကြောင်း​တွေပြန်​​ပြော​နေတာမျိုး​တော့မရှိဘူး"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now