Chapter 29

529 36 0
                                    

ဝိန်းရိဖန် ; "ငါ မ​ကြောက်...."

စန်းရန်ရှိရာလှမ်းကြည့်​နေရင်း သူ​ပြောသွားသည့်စကားများထဲမှ 'လည်း' ဆိုသည့်စကားလုံးကို ချက်ချင်းသတိထားမိလိုက်ကာ သုံးစက္ကန့်မျှအသံတိတ်လိုက်​တော့၏။ စန်းရန်၏မျက်နှာကို​ထောက်ထား​ပေးလိုခြင်းအလို့ငှာ ​နောက်ကျန်​နေသည့်စကားလုံးကို အတင်းဖြစ်ညှစ်ထုတ်လိုက်​တော့သည်။

"....သလားလို့?"

"...."

စန်းရန်က ယခုလို ကြောက်တတ်လိမ့်မည်ဟု ဝိန်းရိဖန်အ​နေဖြင့် လုံးဝလုံးဝပင် မ​တွေးထားခဲ့ဖူးပါ​ချေ။

စန်းရန်၏ပုံစံက အမြဲတမ်းအ​ကြောက်အလန့်မရှိသည့်ပုံစံမျိုးဖြစ်ကာ သူမ မှတ်မိသ​​လောက်အရ ဤတစ်ကြိမ်မှာ စန်းရန်အတွက် ပထမဆုံးအကြိမ် သရဲကားကြည့်ဖူးခြင်းလည်း မဟုတ်။

မှတ်ဥာဏ်များထဲတွင် အထက်တန်းပထမနှစ်မှ ကာယအချိန်အား ပြန်အမှတ်ရလိုက်သည်။ ထို​နေ့က မိုးရွာ​နေခဲ့သဖြင့် ကာယဆရာသည် ​​​ကျောင်းတွင်းအားကစားကော်မတီမှတဆင့် အတန်းသားများအား စာသင်ခန်းထဲ၌သာ စာကြည့်​နေကြခြင်းဖြစ်ဖြစ် ၊ ရုပ်ရှင်တစ်ခုခုရှာကြည့်​နေကြခြင်းဖြစ်ဖြစ် လုပ်​နေကြရန် အသိ​ပေးလာခဲ့သည်။

ထိုအချိန်တုန်းက အတန်းထဲရှိ ကွန်ပြူတာမှာ အင်တာနက်မချိတ်ရ​သေး ၊ ထို့အပြင် ​ကျောင်းသားတစ်ဦးတည်းထံ၌ ရှိသည့် တစ်ခုတည်း​သော USB မှာလည်း သရဲကားတစ်ကားတည်းသာ သိမ်းထားခဲ့ရာ ​ရွေးချယ်စရာဟူ၍ ဘာဆိုဘာမှမရှိ။ သို့​သော် ​ကျောင်းသားအများစုမှာ စာမကြည့်ချင်ကြသဖြင့် လူနည်းစု​လေး၏ငြင်းဆန်မှုကြားမှ​နေ၍ ​နောက်ဆုံးတွင် ထိုသရဲကားကြည့်ရန် ​ရွေးချယ်ဖြစ်ခဲ့ကြသည်။ ထိုအချိန်တွင် ဝိန်းရိဖန်၏​နေရာမှာ တတိယလိုင်းတွင်ဖြစ်ပြီး စန်းရန်မှာ စတုတ္ထလိုင်း၏ထောင့်ဖြတ်​​အနောက်တစ်ခုံတွင်ဖြစ်သည်။

ထိုသရဲကားမှာ သူမကြည့်ဖူးပြီးသား ဇာတ်လမ်းတစ်ပုဒ်ဖြစ်​နေ​သော​ကြောင့် ဝိန်းရိဖန်က အိမ်စာများလုပ်​နေရင်း တစ်ချက်တစ်ချက်​သာ မော့ကြည့်​ဖြစ်ခဲ့၏။ မျက်လုံးပင့်ကြည့်မိလိုက်သည့်တစ်ကြိမ်တွင်​တော့ ပရိုဂျက်တာ​ပေါ်မှ သရဲမျက်နှာကြီးနှင့် တည့်တိုးဆုံလိုက်မိရာ...

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now