Chapter 85 ( Ending )

630 36 3
                                    

အချိန်တစ်ခုစာအတွင်း အမှတ်တရ မှတ်ဥာဏ်​ပေါင်းများစွာဟာ ပြန်လည်ဆွဲထုတ်ယူသကဲ့သို့ အ​တွေးအာရုံထဲ ဝင်​ရောက်လာကြ​တော့သည်။

​မွေး​နေ့ညတွင် သူဟာ သူမကို​ကျောပိုးထားခဲ့ပြီး အညင်သာဆုံး​ပြောခဲ့သည့်စကားတစ်ခွန်းမှာ ;

"ဝိန်းရွှမ်းကျန့်..​..နောက်ထပ်တစ်ခု ထပ်ပြီးဆု​တောင်း"

​လေယာဥ်ဖြင့် ယီဟယ်မြို့သို့လိုက်သွားပြီး သူ့အား သွားရှာခဲ့သည့်တစ်​ခေါက်တွင် နှစ်​ယောက်သား ဟိုတယ်ထဲ၌ ရှိ​နေသည့်အချိန်တုန်းက ကိစ္စများကို​ခ​ရေ​စေ့တွင်းကျ​ပြောပြပြီးသည့်အခါ သူ အ​လေးအနက်ထားပြီး​ပြောခဲ့သည့်စကားတစ်ခွန်းမှာ ;

"ကိုယ် မင်းကို ခွင့်လွှတ်ပါတယ်"

ချယ်ရှင့်ဒယ်​ကြောင့်ရလာခဲ့သည့် သူမ၏ဒဏ်ရာကိုကြည့်ပြီး စန်းရန် ကူကယ်ရာမဲ့စွာဖြင့် ​ပြောခဲ့​သောစကားတစ်ခွန်းမှာလည်း ;

"မင်း ကိုယ့်ခံစားချက်ကို​ရော ထည့်တွက်​ပေးရဲ့လား"

အ​ရှေ့​ရောက်သည့်ကာလများဆီသို့ ဆက်သွားပါလျှင်။

သူတို့နှစ်ဦး စတွဲကြသည့်​နေ့က ​ခေါက်ဆွဲဆိုင်ထဲတွင် စန်းရန်က ရုတ်တရက်​ရောက်လာခဲ့ပြီး မိုး​ရေစက် ခန်းစီးလိုက်ကာချပ်ကြီး​အောက်တွင် သူမထံ ငုံ့ကြည့်​နေခဲ့သည့် သူ့မျက်ဝန်းများထဲတွင် ငယ်ရွယ်သည့်ခံစားချက်တို့အပြည့်ဖြင့် ;

"ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​ဘောကျ​နေခဲ့တာပါ"

'ရှန့်လန်' နိုင်ငံခြားမှပြန်​ရောက်ပြီး​နောက် သူငယ်ချင်းအုပ်စုလိုက် ညစာထွက်စားသည့်ညတွင် သူ အမှန်တိုင်း​ဖြေရမည့်​မေးခွန်းကို​ရွေးလိုက်ပြီး '​နောက်ဆုံးအကြိမ် ​လေယာဥ်ဖြင့် ခရီးသွားခဲ့သည့်မြို့' အား ​မေးခွန်းကျသည့်အခါ 'ယီဟယ်' ဆိုသည့်စကားလုံးကို မ​တွေမ​ဝေဘဲ ပြန်​ဖြေခဲ့သည်။

သည့်ထက်​စောသည့် အချိန်များတွင်။

တိုက်ဆိုင်သွားသည့်အ​ကြောင်းအမျိုးမျိုးဖြင့် စန်းရန်က သူမ၏အိမ်ခန်းငှား​ဖော်ဖြစ်လာခဲ့ကာ သည်အ​ကြောင်းကိစ္စဖြင့် နှစ်​ယောက်သားက အခန့်မသင့်စကားများခဲ့ကြ​သေးသည်။ ထိုအချိန်တုန်းက သူက သူမကိုစိုက်ကြည့်​နေပြီး ​နွေး​ထွေးမှုများမပါသည့်စကားသံမျိုးဖြင့် ဆိုခဲ့သည်မှာ ;

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now