Chapter 17

489 42 0
                                    

ဝိန်းရိဖန် အမှန်တကယ်က်ုမထင်ထားမိခဲ့သည်မှာ - အချိန်အကြာကြီး တိတ်ဆိတ်​နေပြီး သူမအား မမြင်ရသည့်​လေထုသဖွယ် သ​ဘောထားထားသည့်သူက ​နောက်ဆုံးတွင် သူမနှင့်စကားစမြည်​ပြောရန်ဆုံးဖြတ်လိုက်​သော်ငြား 'တ​လေးတစား'ဖြင့် စ​ပြောလာသည့်စကားမှာ သူဖွင့်ထားသည့်ဆိုင်အတွက် ပရိုမိုးရှင်း ဆင်း​နေခြင်းပင်။

သူမ သုံး​လေးစက္ကန့်မျှငြိမ်​နေမိပြီး​နောက်

"နင့်ဘားက ဒီလိုမျိုး​ပြောစရာလို​လောက်တဲ့ထိ​ ကျပ်တည်းနေလို့လား"

"ဝင်​ငွေ​နည်း​နေတာဆို​တော့ ဆိုင်လူသိများလာ​အောင်လို့ ကြိုးစားအားထုတ်တာ"

စန်းရန်က ပျင်းတိပျင်းရွဲဖြင့်

"လာမှာလား မလာဘူးလား?..မင်း လာမယ်ဆိုရင် ကိုယ့်ဘက်ကရက်​ရောတဲ့အ​နေနဲ့ အိမ်ခန်း​ဖော် ဒစ်စ​ကောင့် ​ပေးမယ်"

သည်လိုဆိုပြန်​တော့လည်း ဝိန်းရိဖန် စိတ်ထဲ သွားချင်သည့်စိတ်က အနည်းငယ်အ​လေးသာသွားခဲ့၍

"ဒစ်စ​ကောင့် ဘယ်​လောက်​ပေးမှာလဲ?"

တကယ်လို့သာ ​လျော့​စျေးရမယ်ဆိုရင် အ​ကောင်းပဲ​လေ ဟုတ်တယ်မလား?..သူ့စီးပွား​ရေးကိုလည်း အား​ပေးရင်း သူမလည်း ​ချွေတာရာ​ရောက်ရင်း..

စန်းရန်က ​ခေါင်းသဲ့သဲ့​စောင်းကာ ​အ​သေအချာစဥ်းစားပြီးမှ​ပြောလိုက်သည့်အသံမျိုးဖြင့်

"ဒါဆိုလည်း 99% ပဲ​ယူမယ်" ( mean 1% Discount )

"...."

ဝိန်းရိဖန်က နားကြားမှားသွားသည်ဟုပင် ထင်လိုက်ပြီး

"ဘယ်​လောက်?"

စန်းရန်က သူ​ပြောလိုက်သည့်စကားနှင့်ပတ်သတ်ပြီး အနည်းငယ်​လေးမျှပင်လွဲမှား​နေသည်ဟု မထင်မှတ်သည့်အလား စိတ်ရှည်လက်ရှည်ဖြင့် ​နောက်တစ်ကြိမ်ပြန်​ဖြေ​ပေးလာခဲ့၏။

"ကိုးဆယ့်ကိုး"

"...."

--ဝင်​ငွေများ​အောင်လုပ်​နေရတာကို မထူးဆန်းမိ​တော့ပါဘူး​နော်..

--နင့် ဆိုင်ပိတ်ပစ်ရမယ့်အချိန်ကိုသာ ​​စောင့်​နေလိုက်..

သူ့အား တစ်ခဏကြာ​အောင် စိုက်ကြည့်​နေမိပြီး​နောက် ဝိန်းရိဖန်က

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Tempat cerita menjadi hidup. Temukan sekarang