Chapter 68

833 66 14
                                    

ဝိန်းရိဖန် စကား​ပြော​နေသည့်အသံ​နေအသံထားကို အာရုံခံစားမိလိုက်ခြင်း​ကြောင့် စန်းရန်က အနားသို့တိုးကပ်လာပြီး လက်တစ်ဖက်ဖြင့် သူမ၏​မေးဖျားကိုဆွဲ​မော့လိုက်သည်။ သူ့ပုံစံမှာ သူမဆိုလိုချင်သည့်စကားကို နားလည်​သေးပုံမရ​​သေးသည့်ဟန်မျိုး။

"ဘယ်အချိန်တုန်းကဟာကို ​ပြော​နေတာလဲ"

"တက္ကသိုလ်ဝင်ခွင့်စာရင်း​တွေကျတဲ့​နေ့"

ဝိန်းရိဖန်က ပြန်လည်​မော့ကြည့်လာပြီး အသံစတို့က တိုးဖျညင်သာ​နေဆဲ။

"နင် ​ပေယွီကိုလိုက်လာပြီး ငါ့ဆီလာတဲ့ချိန်"

"...."

အခုလိုအ​ဖြေမျိုးကို မ​မျှော်လင့်ထားသည့်စန်းရန်မှာ တစ်ခဏတာငြိမ်သက်သွားခဲ့ရ၏။ မျက်နှာအသွင်အပြင်ထက်၌ မည်သည့်အမူအရာမျိုးမှမရှိဘဲ အချိန်ကြာသွားပြီးကာမှ နှုတ်ခမ်းကို ​ပေါ့​ပေါ့ပါးပါး​ကွေးညွှတ်လိုက်၏။

"အဲ့​နေ့က မိုးရွာ​နေတာလား"

ဝိန်းရိဖန်က အသံမထွက်​တော့ဘဲ ​ခေါင်းသာငြိမ့်ပြလိုက်သည်။

"မိုးစို​တော့လည်း စိုတယ်​ပေါ့ ၊ ဘာလို့ ​တောင်းပန်​နေတာလဲ"

စန်းရန်က သူမ၏ပါးကိုဆွဲညှစ်လိုက်၍ ဤကိစ္စက သူ့အတွက် ဘာဆိုဘာမှအ​ရေးမကြီးသည့်အလား မျက်​မှောင်ကျုံ့ထားရင်းနှင့် ;

"ကိုယ့်လို ​ယောက်ျားရင့်မာကြီးတစ်​ယောက်က မိုးစို​တော့​ရော ဘာဖြစ်သွားမှာမလို့လဲ ၊ အဲ့​လောက်ထိလည်း နူးညံ့မ​နေပါဘူး"

ဝိန်းရိဖန်က စကားမဆိုနိုင်​တော့ဘဲ စန်းရန်ကိုသာ လှမ်းကြည့်​နေလိုက်သည်။

စန်းရန် ;

"ဘာဖြစ်လို့များ မင်းရဲ့​ကောင်​လေးကို ​နေ့တိုင်း​နေ့တိုင်း နူးနူးညံ့ညံ့ပန်းပွင့်ကြီးလိုမျိုး သ​ဘောထား​ဆက်ဆံနေရတာလဲ"

"...."

"သွားမယ်"

စန်းရန်က ထိုစကားကိုဆက်မ​ပြော​တော့ဘဲ ထီးဖွင့်လိုက်သည်။

"ညစာစားပြီးပြီလား"

ဝိန်းရိဖန်က သူ့​ဘေးနားမှလိုက်၍ ;

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now