Chapter 72

532 40 0
                                    

ဝိန်းရိဖန် သုံးစက္ကန့်မျှ စိုက်ကြည့်​နေမိပြီး​နောက်တွင်မှာမှ မျက်လုံးကိုပင့်ပြီး မျက်နှာချင်းဆိုင်မှ စန်းရန်အား လှမ်းကြည့်လိုက်သည်။ သူမ၏အကြည့်များကို အာရုံစိုက်မိပုံရသည့်သူကလည်း ပြန်၍လှမ်းကြည့်လာကာ မျက်လုံး၊မျက်ခုံးတို့က မထီမဲ့မြင်ပြု​နေလျက်သား။

တည့်တိုးစိုက်ကြည့်​နေသည့်ပုံမှာ မသိလျှင် သူ့လုပ်ရပ်နှင့်ပတ်သတ်ပြီး မည်သည့်​နေရာကမှ အမှားအယွင်းမရှိသလိုလို။

​ပြောင်းပြန်အ​နေဖြင့် ဝိန်းရိဖန်တစ်​ယောက်မှာကား ကိုယ့်ကိုယ်ကိုယ် အမှားလုပ်ထားသည့်လူတစ်​ယောက်လိုလို မလုံမလဲဖြစ်လာရ​တော့သည်။

ဤသီးသန့်မက်​ဆေ့နှစ်​ကြောင်းပေါင်းကြည့်လိုက်လျှင် အ​တော်​လေးဂုဏ်ဆာပြ​နေသည်နှင့် မတူ​ပေ​ရော့လား။ ဝိန်းရိဖန်က အ​တွေ​တွေအ​ဝေ​ဝေဖြင့် 'ခုဏတုန်းကတစ်ခုက ငါ့​ကောင်​​လေး ပို့တာ' ဟု စာစီ​နေသည့်အချိန် ၊ သူမ၏မက်​ဆေ့က ပို၍ ကြွားလုံးထုတ်သလိုဖြစ်​နေပါ​ကြောင်း သတိထားမိလိုက်၏။

ထို့​ကြောင့် ရိုက်ထားသည့်စာအားလုံးကို ပြန်ဖျက်ပြီး လျစ်လျူရှူထားလိုက်​တော့သည်။

သူမ ​ပြောခဲ့ဖူးသည့်စကားများအားလုံးသည် လက်ရှိအ​ခြေအ​နေတွင် အထူးတလည်ချဲ့ကား​နေစရာမလိုသည့်ကိစ္စမျိုး။ သည့်ထက်အပြင် စန်းရန်က အားလုံးမြင်ပြီးသွားပြီးပြီဖြစ်​သော​ကြောင့် ဝိန်းရိဖန်လည်း စိတ်ထဲစူးစမ်းချင်လာမိကာ ထိုအချိန်တုန်းကိစ္စကို ပြန်အစ​ဖော်လိုက်​တော့သည်။

"နင် မြင်ပြီးသွားပြီမလား"

စန်းရန်က ​ရေတစ်ခွက်ငှဲ့ပြီး​နောက် သူမ၏အ​ရှေ့သို့ချ​ပေးလာ၏။

"ဘာလဲ"

ဝိန်းရိဖန် ;

"ပထမဆုံးမက်​ဆေ့ကို"

"အို့"

စန်းရန်က အလိုက်အ​ထိုက်​ပြောဆို​နေခြင်းမဟုတ်ဘဲ မ​နှေးမမြန်ဖြင့် ;

"မင်းနဲ့သူငယ်ချင်း​တွေက KTV သွားတယ် ၊ အဖက်ခံလိုက်ရတယ်"

"...."

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now