Chapter 52

584 50 3
                                    

ဤတစ်ကြိမ်အလုပ်ကိစ္စခရီးအပြီးတွင် အရင်ရက်အနည်းငယ်အတွင်းရှိထားသည့်တရားဝင်နှစ်သစ်ကူးပိတ်ရက်ကို အစားထိုး​ပေးသည့်အ​နေဖြင့် ဌာနမှ ဝိန်းရိဖန်အား ပိတ်ရက်သုံးရက် ခွင့်​ပေးခဲ့သည်။

ဝိန်းရိဖန်၏အစီအစဥ်မှာ သည်ပိတ်ရက်အတွင်း ကျုံးစစ်​ချောင်နှင့်​တွေ့ရန် စဥ်းစားထားပါ​​သော်ငြား အိမ်မှုကိစ္စများတပုံတပင်ရှိ​နေခဲ့သည့်အတွက် အပြင်ထွက်လည်ချိန်ပင်မရလိုက်​ချေ။ နှစ်ဖက်စလုံးကလည်း ​အလျင်လိုနေခြင်းမျိုးမရှိသဖြင့် အားလပ်မည့်အချိန်တစ်ခုတွင် ထပ်ချိန်းကြရန် ဆုံးဖြတ်လိုက်သည်။

ဝိန်းရိဖန်နှင့်စန်းရန်တို့ တွဲသွားကြသည့်ကိစ္စနှင့်ပတ်သတ်၍လည်း ကျုံးစစ်​ချောင်က ခပ်ကြာကြာပင် အထူးအဆန်းလုပ်မ​နေဘဲ ဤကိစ္စက ဖြစ်သင့်သည့်ကိစ္စဟုပင်​ကောက်ချက်ချ​နေ​သေးသည်။ ဝိန်းရိဖန်အတွက် ​ပျော်​​ရွှင်ပေးရင်း တစ်ကိုယ်တည်းသမားဘဝမှကျွတ်သွားသည့်အတွက် ထမင်း​လိုက်​ကျွေးရမည့်အ​ကြောင်းကိုလည်း ​ပြောထား​သေး၏။

ဝိန်းရိဖန်က ခပ်ပြုံးပြုံး​လေးပင်။

သုံးရက်တာပိတ်ရက်ကာလမှာ မျက်စိတစ်မှိတ်စာအတွင်း ကုန်ဆုံးသွားခဲ့၏။

နှစ်သစ်ကူးပြီးသည့်​နေ့မှစ အဆက်မပြတ်သည်းကြီးမည်းကြီးရွာ​နေသည့်မိုး​ကြောင့် နန်းဝူမြို့၏အပူချိန်မှာ ကိန်းဂဏာန်းတစ်လုံးထဲသာ ကျန်​လေ​တော့သည်။ အစကတည်းက ​ရေခိုး​​ရေငွေ့များကြား​ လေ​အေး​ရော​နေသည့်ရာသီဥတုမျိုးဖြစ်ကာ အ​အေးဓါတ်ကို ထပ်​လောင်းထည့်​ပေးလာသည့်အခါတွင်​တော့ လူတိုင်းလူတိုင်းမှာ အရိုးခိုက်ခိုက်တုန်​အောင်​အေးစိမ့်​နေပါ​​ရော့၏။

တည်းဖြတ်ခန်းထဲ၌ တစ်​နေ့လည်ခင်းလုံး အလုပ်လုပ်ပြီး​နောက် ဝိန်းရိဖန်က ရုံးခန်းဆီသို့ပြန်လာခဲ့၏။ ကွန်ပြူတာကိုဖွင့် ၊ စားပွဲ​ပေါ်ရှိပစ္စည်းများကို ရှင်းလင်းပြီး မနက်ခင်း​ရှိ​ရေးလက်စ စာမူကြမ်းအား အဆုံးသတ်ပြီးလျှင် အလုပ်ဆင်းရန်လည်း ကြို​တွေးထားခဲ့သည်။

ထိုအချိန်တွင် အပြင်ဘက်မှ စုထျန်းပြန်​ရောက်လာခဲ့၏။

မျက်ဝန်း​ထောင့်တစ်​​နေရာမှ ဖြတ်ခနဲလှမ်းမြင်​နေခြင်း​ကြောင့် ဝိန်းရိဖန်က ​ခေါင်း​မော့ကြည့်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now