Chapter 60

603 54 2
                                    

ကျော​​ပေါ်မှသူ၏အသက်ရှူနှုန်းများဟာ တ​ဖြေး​ဖြေးငြိမ်သက်​လာခဲ့ပြီး မည်သည့်စကားသံမျိုးမှ ထွက်မလာပါ​တော့​သည်မှာ တစ်​နေ့လုံးပင်ပန်းထားခဲ့သည့်အရာများအား အရက်ရှိန်နှင့်အတူလွှတ်ချပစ်လိုက်ပုံပင်။

အ​ဆောက်အဦး၏​အောက်ထပ်သို့ရောက်ဖို့ရာ အချိန်ဘယ်​လောက်ယူသွားခဲ့မှန်းမသိ။

ထိုအခိုက်တွင် စန်းရန်သည် ဝိန်းရိဖန်၏​ဝေ​ဝေဝါးဝါးစကား​​ပြောသံအား ကြားလိုက်ရ၏။

"စန်းရန်..."

စကားသံ​ကြောင့် စန်းရန် ​ခေါင်း​စောင်း၍လှည့်ကြည့်လိုက်၏။ တင်းတင်းကြပ်ကြပ်ဖိမှိတ်ထားသည့် သူမ၏မျက်ဝန်းတစ်စုံအား ​တွေ့လိုက်ရသည့်အခါ တစ်ခဏကြာကြာ ​ငေးကြည့်​နေ​ခဲ့ပြီးမှ အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးရယ်ရင်းစကားဆိုလိုက်သည်။

"အိပ်ချင်မူးတူးနဲ့စကား​တွေ​ပြော​နေတာလား.."

​နောက်တစ်စက္ကန့်တွင် သူ့လည်ပင်းကိုသိုင်းဖက်ထားသည့်အားတစ်ခုမှာ မသိမသာ​လေးတင်းကြပ်လာပါ​တော့သည်။

-------

ကျန်​နေ​သေးသည့်လမ်းတစ်​လျှောက်လုံးတွင် ဝိန်းရိဖန်သည် ရှုပ်​ထွေး​ပွေလီခြင်းများစွာကြားနစ်မွန်း​နေခဲ့ရကာ အိပ်မက်နှင့်အမှန်တကယ်ဖြစ်တည်မှုကိုပင် မခွဲခြားနိုင်​​တော့သည်အထိ ဦး​နှောက်ထဲမှ မှတ်ဥာဏ်ကားချပ်များက တရိပ်ရိပ်နှင့်ဖြတ်​ပြေး​နေခဲ့ပြီး အဆုံးမဲ့​သောအ​မှောင်ထုကြီးထဲ၌ လွင့်​မျော​နေရသလိုပင်။ ကျန်​​နေ​သေးသည့် လက်ကျန်အသိနိုးကြားစိတ်​လေးမှာ​တော့ ​ယောက်ျား​လေး၏​ကျောပြင်ထက်မှ ​အ​နွေးဓါတ်၊ကြင်နာမှုတို့ကို ခံစားမိ​နေခဲ့ကာ ဤ​အေးစိမ့်လှ​သော​ဆောင်းရာသီ​၏အ​အေးဒဏ်များထံမှလည်း ကာကွယ်​ပေးထားသည့်သဖွယ်​ပေ။

ပြန်နိုးလာခဲ့ရသည်မှာ​တော့ စန်းရန်မှ ဝိန်းရိဖန်အား လှုပ်နိုး​နေခြင်း​ကြောင့်။ သူမဟာ ဆိုဖာထက်တွင်ထိုင်​နေပြီး မျက်နှာချင်းဆိုင်ရှိ​ယောက်ျား​လေးအား စူးစိုက်ကြည့်​နေ​မိသည်။ စိတ်အစဥ်တစ်ခုလုံးမှာ လက်ရှိအချိန်၌ရှုပ်​ထွေး​နေရသဖြင့် စန်းရန်တစ်​ယောက် ဘာလုပ်ပြီးဘာ​​ပြောချင်​နေမှန်း သူမ မ​တွေးနိုင် ၊ အ​တွေးထဲ၌လည်း စန်းရန်က သူမ အိပ်​နေသည့်အချိန်ကိုမှ လာ​နှောင့်ယှက်​နေ​သောအနိုင်ကျင့်လူဆိုး​ကောင်နှင့်ပင် တူ​နေ​​သေးသည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Hikayelerin yaşadığı yer. Şimdi keşfedin