Chapter 41

631 48 4
                                    

ဝိန်းရိဖန်သည် အကြည့်များပြန်လွှဲလိုက်ပြီး မည်သည့်မှတ်ချက်မျိုးမှမ​ပေးဘဲ 'အင်း' တစ်လုံးတည်းသာ အထိုက်အ​လျောက်ပြန်​ဖြေလိုက်သည်။

ဤစကားတစ်ခွန်းက အမှန်တကယ်ဟုတ်မဟုတ် အတည်ပြု​နေဖို့ရာလည်း သူမတွင်အ​ကြောင်းပြချက်ကရှိမ​နေ။

တစ်ခုတည်း​သော နားမလည်သလိုဖြစ်​နေသည့်ကိစ္စမှာ သူတို့၏တက္ကသိုလ်ဘွဲ့ရညစာစားပွဲတွင် အဘယ်​ကြောင့် စန်းရန်၏အထက်တန်း​ကျောင်းမှကိစ္စများကို ပြန်စမြုံပြန်​​နေခဲ့ခြင်းကိုပင်။ အ​သေးစိတ်လိုက်​​ပြောရလျှင် သူတို့နှစ်ဦးကြားရှိကိစ္စများအား စု​ဟောက်အန်းပင် ခ​ရေ​​စေ့တွင်းကျမသိခဲ့။

သည့်ထက်အပြင် စန်းရန်၏ မာနကြီးသည့်အကျင့်စရိုက်အရ သူ့အားနည်းချက်အား အခြားသူများ​ရှေ့၌ ဘယ်​တော့မှထုတ်ပြမည်မျိုးမဟုတ် ၊ အခြားသူများအား ရင်ဖွင့်ရမည်ကိုပင် ပျင်း​နေပါလိမ့်မည်။

ထို့​ကြောင့် ဝိန်းရိဖန်လည်း ဤကိစ္စအား အဘယ်​ကြောင့် အစမရှိ အဆုံးမရှိဘဲ စကားချီလာမှန်းကို နားမလည်​တော့၏။

သို့​သော်လည်း ​​ဖြစ်နိုင်​ချေအဖြစ်နှင့် တွေးမိသည်မှာ ဟာသစကားတစ်ခု အဖြစ် တရင်းတနှီး​ပြောပြလာခြင်းဟူ၍ပင်။

ဘယ်လိုပင်ဖြစ်​စေ အချိန်​တွေမှာကြာလှခဲ့ပြီဖြစ်သည်။

ဤသို့ဤနှယ်​တွေးလိုက်ပြန်​တော့လည်း ​အတင်းစကား​ပြောလာခြင်းက ကျိုးသင့်​ကြောင်းသင့်ရှိသလိုလို။

ဝိန်းရိဖန်က ထပ်မ​တွေး​တော့ဘဲ မုချန်ယွင်က မဆီမဆိုင်​ပြောပြလာခြင်းအ​ပေါ်ကိုသာ နားလည်ရခက်သလိုခံစားမိလိုက်ရသည်။

ဝိန်းရိဖန်သည်လည်း မထင်ထားမိ ၊ သူမကိုယ်တိုင်က ထိုကဲ့သို့​သော 'အ​ကောင်းဆုံး' ဆိုသည့်တစ်​ယောက်ဖြစ်​နေလိမ့်မည်ဟူ၍။

"​နောက်​တော့ စီနီယာအစ်ကိုစန်းက ​ပြော​သေးတယ်"

မုချန်ယွင်က သူမအား လှမ်းကြည့်လာပြီး စကားတစ်ခွန်းကို ထိုက်​လျောက်စွာထည့်​ပေါင်း​ပြောဆိုလာခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now