"ကျေးဇူးတင်ပါတယ် ၊ ကိုယ့်ရဲ့ 'အားကျန့်'ကို ကာကွယ်ပေးခဲ့လို့"
ဤစကားတစ်ခွန်းကြောင့် ဝိန်းရိဖန် ကြောင်အမ်းသွားရကာ သူ့အား လှမ်းကြည့်မိလိုက်သည်။
"ပြီးတော့....အခုချိန်ကျမှ ဒီကိစ္စတွေကိုပြောပြတာလည်း နောက်ကျတယ်လို့မဟုတ်ပါဘူး"
စန်းရန်က စကားလမ်းကြောင်းအား အေးအေးလူလူဖြင့်သာပြောင်းလိုက်၍ ;
"ပြောမရရင် အဲ့အချိန်တုန်းက ကိုယ် ရည်းစားမထားချင်သေးတာလည်းဖြစ်နေနိုင်တာပဲလေ ၊ မင်း ကိုယ့်ကို လိုက်ရင်တောင် ကိုယ် လက်ခံချင်မှလက်ခံမှာ"
ဝိန်းရိဖန် နှုတ်ခမ်းကိုစေ့ထားပါသည့်တိုင် မနေနိုင်အောင်ရယ်လိုက်မိတော့၏။ မကောင်းသည့်စိတ်အခြေအနေဟာ သူ့စကားများကြောင့် ပျောက်ကွယ်သွားပြီး နှာခေါင်းသံပါပါလေးဖြင့် ;
"အရင်တုန်းကဖြင့် နင် ငါ့ကို လိုက်နေမှန်း အသိသာကြီးပါနော်"
စန်းရန် မျက်ခုံးပင့်ပြ၍ ;
"မင်းကရော ကိုယ့်ကို သဘောမကျခဲ့လို့လား"
ဝိန်းရိဖန် အလေးအနက်ဖြင့်ခေါင်းငြိမ့်ပြလာခဲ့သည်။
"အင်း"
"သဘောကျတယ်ဆိုရင် ကောင်းကောင်းလိုက်ပိုးလေ"
စန်းရန်က သူမအား နောက်တစ်ကြိမ်ဆေးလိမ်းပေးလာရင်း စကားသံတို့ထဲ၌လည်း ရယ်သံစွက်နေခဲ့၏။
"သဘောကျနေရဲ့သားနဲ့များ သူများက လာပြီးပိုးပမ်းမှာကို စောင့်နေသေးတယ် ၊ မင်းဆိုတဲ့ကလေးမလေးကလေ အရမ်းမျက်နှာရချင်တာနော်"
ဝိန်းရိဖန် ;
"ငါမှ ဘယ်လိုလိုက်ပိုးပမ်းရမလဲဆိုတာကို နားမလည်တာ"
"...."
စန်းရန်က ပြန်မော့ကြည့်လာခဲ့၏။
"ကိုယ်ကျတော့ နားလည်တယ်ပေါ့"
သူ၏ ယခင်ကအပြုအမူများကို ပြန်တွေးကြည့်လိုက်ပြီး ဝိန်းရိဖန် အမှန်အတိုင်းဆိုလိုက်၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-