Chapter 10

583 42 0
                                    

နှစ်​ယောက်သားပြန်ဆုံပြီးကြသည့်​နောက်ပိုင်း စန်းရန်ဘက်မှ သူမ၏နာမည်အား​ခေါ်လိုက်သည်မှာ ပထမဆုံးအကြိမ်။

ဝိန်းရိဖန်၏စိတ်ဝိဥာဥ်အလုံးစုံက လက်ရှိအချိန်တွင်​အလွန်​တရာ​တောင့်တင်း​နေခြင်းဖြစ်ပြီး မြင်​နေရသည့်အရာအားလုံးမှာ ထင်​ယောင်ထင်မှားဖြစ်​နေရသည့်အလား။ သူမ၏​ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သင့်မသင့်ကိုပင် ဆုံးဖြတ်နိုင်စွမ်းမရှိ​လေ​တော့ဘဲ ထိန်းချုပ်မှု​အောက်မှလွတ်ထွက်သွားသည့်အတိုင်း အ​​ရှေ့သို့သာ ဆက်​ပြေး​နေမိ​တော့သည်။

​နောက်စက္ကန့်တွင် ဝိန်းရိဖန်၏လက်​ကောက်ဝတ်မှာ စန်းရန်၏ဆွဲဖမ်းလိုက်ခြင်းကိုခံလိုက်ရပါ​တော့၏။

စန်းရန်က သူရှိရာအရပ်သို့ ဆွဲ​ခေါ်လိုက်ပြီး သုံးလိုက်သည့်ခွန်အားမှာ ပြင်းလွန်းသည်လည်းမဟုတ် ငြင်သာလွန်းသည်လည်းမဟုတ်။ဝိန်းရိဖန်​ ခေါင်း​မော့ကြည့်လိုက်လျှင် သူမ၏မြင်ကွင်းအားလုံးမှာ သူ၏တင်းရင်း​နေသည့်မျက်နှာကျဖြင့်သာ ပြည့်နှက်​နေ၏။ နှုတ်ခမ်းကိုတင်းတင်း​စေ့ထားသည့်သူက ကားတံခါးအား လက်တစ်ဖက်ဖြင့်ဆွဲဖွင့်လိုက်ပြီး အပြုအမူတို့က အနည်းငယ်​​ဒေါသထွက်​နေပုံလည်းရသည်။

"ဘာ​တွေ​ကြောင်ကြည့်​​နေတာလဲ"

​လမ်းတစ်​လျှောက်လုံး အ​ကြောက်​ကြောက်အလန့်လန့်ဖြင့် ​ပြေးလာခဲ့သည့်အတွက် ဝိန်းရိဖန်၏အသက်ရှူနှုန်းများမှာ ပြတ်​တောင်း​ပြတ်​တောင်း။ သူ့အား ​မော့ကြည့်​နေပါ​သော်ငြား အသံတစ်ချက်ခွန်းတုန့်မပြန်နိုင်ပါ​တော့ဘဲ သူ့လှုပ်ရှားမှုနှင့်စကားလုံးများ​နောက်သို့သာလိုက်ပြီး ကားထဲဝင်ထိုင်လိုက်သည်။

စန်းရန်က ကားတံခါးကိုပိတ်ပစ်လိုက်၏။

စန်းရန်က ကားတံခါး​လော့ခ်ကိုပါ ချပစ်လိုက်​ကြောင်း ကားပြတင်းမှန်မှတဆင့် လှမ်းမြင်လိုက်ရ​သေးသည်။

ထို​ယောက်ျားသုံးဦးက အ​နောက်မှလိုက်၍ မှီလာခဲ့ပြီဖြစ်သည်။

ဤမြင်ကွင်းမြင်လိုက်ရသည့်အတွက် ကျားပုံစံတက်တူးထိုးထားသည့်လူက ကားအတွင်းသို့လှမ်းကြည့်ကာ အခြားလူပိုများပါမပါကို အကဲခတ်ပြီးသွားသည့်​နောက်တွင်

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now