Chapter 67

525 42 15
                                    

အရင်တစ်​ကြိမ် ဝိန်းရိဖန်တစ်​ယောက် နန်းဝူမြို့မှ ယီဟယ်မြို့သို့ ​လေယာဥ်ဖြင့်ထွက်လာခဲ့သည်မှာ ၈နှစ်ခန့်ပင် ရှိပြီဖြစ်သည်။

ပေယွီ၌ စန်းရန်နှင့်​ ​နောက်ဆုံးတွေ့ပြီးသည့်​နောက်တစ်​နေ့တွင်ပင် ဝိန်းရိဖန်သည် အမြန်ရထားဖြင့် နန်းဝူမြို့သို့​​ရောက်လာပြီး ​ကျောက်ယွမ့်တုံထံ၌ရှိ​နေ​သော ဝိန်းလျန်ဇယ်မှ သူမအတွက်ချန်ထား​ပေးခဲ့သည့် ပိုက်ဆံနှင့်အချက်အလက်စာရင်းများကို သွားယူလိုက်သည်။ ထို့​နောက်တွင် ဤမြို့နှစ်မြို့၌ အချိန်ကြာကြာရပ်နား​နေခြင်းမျိုးပင်မရှိ​တော့ဘဲ ယီဟယ်မြို့သို့ တစ်​ယောက်တည်း ​လေယာဥ်ဖြင့်ထွက်လာခဲ့သည်။

ဤအခိုက်အတန့်တွင်​တော့ ဝိန်းရိဖန်၏စိတ်အ​ခြေအ​နေမှာ ထိုတစ်ကြိမ်တုန်းကနှင့် လုံးလုံးလျားလျားမတူညီပါ​ပေ။

လေယာဥ်ပြတင်းမှန်​ဘေးတွင်ထိုင်ရင်း အပြင်ဘက်သို့ ​ငေးစိုက်ကြည့်​နေမိကာ တစ်ခဏလေယာဥ်ဆင်းပြီးလျှင် သူမ ​ရောက်လာသည့်အ​ကြောင်းအား စန်းရန်ထံ မည်သို့မည်ပုံ​ပြောပြရမည့်အ​ကြောင်း စဥ်းစားကြည့်​နေမိသည်။

သူ့အတွက် အ​နှောင့်အယှက်ဖြစ်သွားမည်လားလည်းမသိနိုင်​း​ချေ၏။

အပြင်ဘက်တွင် ​​မှောင်မည်း​နေပြီဖြစ်​သော်ငြား ဟိုးအ​ဝေးမှ အမည်း​ရောင်တိမ်စိုင်ကြီးများကို​တော့ လှမ်းမြင်​နေရ​သေးသည်။ အထက်​နှင့်​အောက်ဘက်တွင် မည်း​မှောင်​နေသည့်ည​ကောင်းကင်ပြင်ကြီးသာရှိ​နေပြီး ​လေယာဥ်မီးအနီ​ရောင်​လေးမှာ မှိတ်တုတ်မှိတ်တုတ်။ ​လေယာဥ်အတွင်းတွင်မူ ​အေးချမ်းတိတ်ဆိတ်​နေပြီး မှိန်ပျပျမီး​ရောင်​အောက်မှ လူတစ်ချို့၏တီးတိုးစကား​ပြောသံများကိုသာ သဲ့သဲ့​လေးကြား​နေရသည်။

ရှည်လျားပြီး​နှေး​ကွေးလွန်း​သော အဆုံးမဲ့ခရီးတစ်​ထောက်အတိုင်းပင်။

ဝိန်းရိဖန် ရုတ်တရက် သိချင်လာမိသည်မှာ.....

အတိတ်ကာလတုန်းက စန်းရန် နန်းဝူမြို့မှပေယွီမြို့သို့ အမြန်ရထားစီး၍ သူမကို လာ​တွေ့သည့်အကြိမ်တိုင်းတွင် မည်သို့​သောခံစားချက်မျိုးများကို သယ်​ဆောင်လာခဲ့ဖူးသနည်း။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now