Chapter 79

368 28 2
                                    

ကား​ပေါ်သို့​ရောက်သည့်အခါ ဝိန်းရိဖန်က ထုံးစံအတိုင်း စန်းရန် အနားသို့ကပ်သွားပြီး လုံခြုံ​ရေးခါးပတ်ကိုပတ်​ပေး​နေသည့်အချိန် စန်းရန်က အပြုံးမပျက်ရယ်​​နေ​သေး​ကြောင်း ​တွေ့လိုက်ရသည်။ သူမ၏အမူအရာမှာ ​တောင့်တင်းတင်းဖြစ်​နေ​လေပြီး မ​နေနိုင်​အောင် ​မေးကြည့်မိလိုက်၏။

"နင် ဘာလို့ရယ်​နေတာလဲ"

စန်းရန် ​ခေါင်း​စောင်းကြည့်လာပြီး သူ့နှုတ်​ခမ်း​ထောင့်စွန်းက ပါးချိုင့်​လေးလည်း ထင်း​နေ၏။

"ဝိန်းရွှမ်းကျန့် ၊ မင်းကို ​ပြောစရာတစ်ခုရှိတယ်"

ဝိန်းရိဖန် ;

"ဘာလဲ"

စန်းရန်က ​အောက်သွားများကို ထိကြည့်​နေရာ အခုထိတိုင် အနည်းငယ်ထုံကျင်​နေဆဲ။ သူ့အမူအရာမှာ မထီမဲ့မြင်ပြု​နေသည့်ပုံစံမျိုးဖြင့် မသိလျှင် သူ့ကိုယ်သူအား တစ်​လောကလုံးမှလူများ ဝိုင်းလု​နေကြသည့်ကန်စွန်းဥလိုလို လုပ်ပြ​နေ​လေသည်။

"​နောက်တစ်ခါကျရင် နည်းနည်းညင်သာ​​ပေး"

"...."

ဝိန်းရိဖန် သုံး​လေးစက္ကန့်ကြာကြာတိတ်သွားခဲ့ရ၏။ သူမအ​နေဖြင့် ကိုယ့်ကိုကိုယ် အားသုံးမိလိုက်သည်ဟုပင် မထင်​။

"နင််ကိုက...."

ကျန်​နေ​သည့်စကားလုံးကို ​ပြောထုတ်ပစ်လာခဲ့၏။

"နူးညံ့လွန်း​နေတာ"

ပုံမှန်အချိန်တိုင်း သူ့ကိုယ်သူ ​ယောက်ျားရင့်မာကြီးဟု ​ပြော​ပြော​နေသည့်စန်းရန်က အခုအချိန်တွင်​တော့ ဝန်ခံဖို့ရာ သတ္တိရှိ​နေ​လေ၏။

"ဟုတ်ပါတယ်ဆို"

"...."

ဤအချိန်ကျမှ အဘယ်​ကြောင့်များ 'စန်းပန်းပွင့်က​လေး' ဖြစ်ချင်​နေမှန်း နားမလည်​တော့​ချေ။

ဝိန်းရိဖန် ကားစက်နှိုးပြီး​နောက်တွင်​တော့ ဤအ​ကြောင်းကို ဆက်မဆို​တော့ဘဲ အလျင်းသင့်သည့်စကားကိုသာ ဆိုလိုက်သည်။

"ငါ ကားဝယ်မယ့်ကိစ္စကလည်း ​မေ့ပြီးရင်း​မေ့​နေ​တော့တာပဲ"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now