Chapter 45

590 58 8
                                    

ဝါကျတစ်​ကြောင်းစာ စကားလုံးများကြားလိုက်ရပြီးသည့်အခါတွင်​တော့ ဝိန်းရိဖန်တစ်​ယောက် မလှုပ်မယှက်ဖြင့်မှင်​သေသွားမိ​ခဲ့သည်။ ​မ​နေ့ညကပို့ထားသည့်အသံမက်​ဆေ့ကိုလည်း မ​တော်တဆနှိပ်ကြည့်မိလိုက်​သေးကာ မျက်​တောင်များ လှုပ်လှုပ်ရှားရှားဖြစ်လာရင်း လက်​ချောင်းထိပ်များက တဖန်​အောက်သို့ပွတ်ဆွဲလာခဲ့သည်။

ဝိန်းရိဖန်၏အိပ်ချင်စိတ်တို့ ကြည်လင်လာခဲ့ကာ ​နောက်ဆုံးပို့လာသည့်အသံမက်​ဆေ့အား ​နောက်တစ်ကြိမ်ဖွင့်ကြည့်လိုက်သည်။

တူညီသည့်လုပ်ရပ်တစ်ခုတည်းအား ထပ်ကာထပ်ကာပြုလုပ်​နေရင်း.....

ခန့်မှန်းချက်တစ်ခု ​ပေါ်လာ​လေ​တော့သည်။ ဝိန်းရိဖန် မျက်​မှောင်ကျုံ့မိထားပြီး အ​ပေါ်သို့ ပြန်ပွတ်ဆွဲသွားကာ အ​ပေါ်ဘက်မှအသံမက်​ဆေ့တစ်ချို့ကို ဆက်တိုက်ပြန်နား​ထောင်လာသည်မှာ '​နောက်ထပ် ၆၉ရက် လို​သေးတယ် ' အထိ။

၆၈ , ၆၉

အို့။

နံပါတ်များ ​မတူညီ​တော့​ပေ။

ဝိန်းရိဖန်က '​ကောင်းပြီ' ဆိုသည့်စကားတစ်ခွန်း ပြန်စာပို့​တော့မည့်ဆဲဆဲ ၊ စာရိုက်​နေသည့်အခိုက်အတန့်တွင် အသိစိတ်ပြန်ဝင်လာခဲ့ကာ မျက်​တောင်များပုတ်ခတ်ပုတ်ခတ်လုပ်မိရင်း ဖုန်းမျက်နှာပြင်ကြီးအား စူးစိုက်ကြည့်မိ​နေ​တော့သည်။

အ​ရှေ့တွင်မြင်​နေရသည့် ဝါကျစာ​ကြောင်းမှာကား သူမ ပို့ထားခဲ့သည့် 'နင် ငါ့ကို ​နေ့တိုင်း ရက်တွက်​​ပေးလို့ရမလား' ဟူ​သောတစ်ခု။

ထိုအချိန်တုန်းက သူမသည် အူ​ကြောင်ကြားဖြစ်​နေရင်းက စကား​ပြော၍ရမည့်​ခေါင်းစဥ်တစ်ခု ရလိုရငြားရှာ​ဖွေမိခြင်းသာဖြစ်ပြီး ထို့မှသာပင် စန်းရန်ဘက်မှ သူမထံသို့ ​နေ့တိုင်းမက်​ဆေ့ပို့​နေမည်မဟုတ်လား။ သို့​​သော် လက်ရှိအချိန် ထို​တောင်းဆိုမှုကြီးကို ပြန်​မြင်လိုက်ရသည့်အခါတွင်​တော့ သူမ​ပြောမိထားသည့်စကားက အ​တော်​လေးအရှက်မရှိသည့်အပြင် အဓိပ္ပါယ်မရှိမျက်နှာ​ပြောင်တိုက်​နေသလိုပင် ခံစားမိရ​တော့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Tempat cerita menjadi hidup. Temukan sekarang