Chapter 66

495 51 4
                                    

ကုမ္ပဏီမှတဆင့် အ​ဆောက်အဦး​အောက်ထိ ပြန်လာရာလမ်းတစ်​လျှောက်လုံးတွင် စန်းရန်၏အမူအရာတိုဟာ သိပ်မူမမှန်ခဲ့ပါ​ပေ။ အိမ်ထဲသို့ဝင်လာပြီးသည့်အထိ သူ့အပြုအမူတို့က ရည်ရွယ်ချက်တစ်ခုရှိမှန်းသိသာလွန်းလာပြီး တစ်စုံတစ်​ယောက်၏နှုတ်မှ ဤကိစ္စကိုသိလာခဲ့မှန်းလည်း ​​သေချာ​နေ​လေသည်။

ဝိန်းရိဖန်သည် သူ​ပြောသည့်စကားတစ်ခွန်း​နောက်သို့လိုက်၍ ​အောက်သို့ငုံ့ကြည့်လိုက်ရင်း ရုန်းကန်​နေသည့်အမှုကိုလည်း ရပ်တန့်လိုက်​တော့၏။

"အတွန်းခံလိုက်ရပြီး သစ်ကိုင်းနဲ့ခြစ်မိထားတာ ၊ အရမ်းမဆိုးပါဘူး ၊ ဆေးလိမ်းထားပြီးပြီမလို့ မကြာခင်သက်သာသွားမှာ"

ဤစကားအဆုံးတွင် အခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။

ဝိန်းရိဖန် အောက်နှုတ်ခမ်းကိုဖိထားမိရင်း စိတ်ထဲ၌လည်း ​နေသာထိုင်သာမရှိရပါတော့​ပေ။ မျက်လုံးပင့်ပြီးတဖန်ပြန်​မော့ကြည့်လိုက်သည့်အခါတွင်​တော့ တည့်တည့်စိုက်ကြည့်​နေ​သော စန်းရန်၏မျက်ဝန်းများဖြင့် ထိပ်တိုက်ဆုံရပြန်သည်။ သူ့ပုံစံမှာ သူမထပ်​ပြောလာမည့်စကားကို ​စောင့်​နေ​သေးသည့်ဟန်။

တစ်ခဏကြာသွားပြီးသည့်အခါတွင်​တော့ စန်းရန် စိတ်မရှည်​တော့ဘဲနှင့် ;

"​ပြောလို့ ပြီးသွားပြီလား"

"...."

စန်းရန် ;

"ဘယ်သူတွန်းတာလဲ"

"ငါ့ရဲ့ ဟိုဦး​လေးဆိုတဲ့လူ"

စန်းရန်က ​နောက်ထပ်​မေးခွန်းတစ်ခု ဆက်​မေးလာသည်။

"ဘယ်​လောက်ကြာ​နေပြီလဲ"

"အာ...."

"သူ မင်းကိုလိုက်​နှောင့်ယှက်​နေတာ ဘယ်​လောက်ကြာ​ပြီလဲ"

"...."

ဝိန်းရိဖန်က အထိုက်အ​လျောက်ကို ငြင်းလိုက်မိ၏။

"မကြာ​သေးပါဘူး"

စန်းရန်က သူမ၏အ​ဖြေကိုမကြားသည့်အလား ဆက်၍ ;

"အရင်တစ်​ခေါက် 'Overtime' မှာ​နှောင့်ယှက်တဲ့အကြိမ်က စတာလား ၊ အဲ့ဒီထက်စောတဲ့ ဟိုးအရင်ကတည်းကလား"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now