Chapter 16

534 44 0
                                    

တစ်ချိန်တည်းမှာပင် အိပ်ခန်းကြီးထဲ၌။

ဝိန်းရိဖန်က ဖုန်းမျက်နှာပြင်​​ပေါ်မှ ဂဏာန်းနံပါတ်ကို စိုက်ကြည့်​နေရင်း လုံးလုံးလျားလျားတိတ်ဆိတ်သွားမိ​တော့သည်။ ​တွေးမိလိုက်သည်မှာလည်း အကယ်၍ ​ငွေလွှဲလိုက်သည့်ပမာဏမှာ '250' ဖြစ်​နေခဲ့လျှင် ယခုနံပါတ်ကြီးထက် ပို​ကောင်းလိမ့်မည်ဟူ၍ပင်။ သို့​သော်လည်း သူမအ​နေဖြင့် စိတ်မသိုးမသန့်ဖြစ်​နေခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်

[ဒါက နင် လွှဲထားတဲ့ထဲက ပိုတဲ့​ငွေ ၊ ငါ နင့်ကို ပြန်လွှဲ​ပေးလိုက်တယ်​နော် ]

--​ပေးပို့၍မရပါ။

နှစ်​ယောက်သားက Alipay အ​ကောင့်ထဲတွင် friend မဖြစ်​သေး။

အ​​ကောင့်၏မျက်နှာပြင်​ပေါ်၌ ချက်ချင်း​ပေါ်လာသည့် system မှာ 'Friend ဖြစ်ပြီးသွားမှ စာ​ပေးပို့၍ရပါမည် ၊ Friend request ​ပေးပို့ရန်'။

တစ်ချိန်တည်းဆိုသလို စန်းရန်က သူမအား Wechat မှတဆင့် စာပို့လာခဲ့သည်။

[ ? ]

"...."

တကယ်ကို အ​မေးသ​င်္ကေတကြီးတစ်ခု...

စန်းရန်၏ 520 ဆိုသည့်နံပါတ်အားမြင်လိုက်ရပြီး​​နောက် ဖြစ်သွားမည့်မျက်နှာ​ပေးကို မြင်​ယောင်ကြည့်မိလိုက်၏။

အရမ်း​တော့ မဆိုး​လောက်ဘူးမလား..

ဝိန်းရိဖန်၏ပြန်စာကို မ​စောင့်​တော့ဘဲ စန်းရန်က ထပ်၍​စာပို့လိုက်၏။

[ မင်းမှာ ဘာ​ပြောစရာရှိလို့လဲ ]

ဤကိစ္စက တစ်ဖက်လူအတွက် စိတ်ကူးယဥ်ဆန်သွားနိုင်သည်ပဲဆိုဆို ၊ ဝိန်းရိဖန်အ​နေဖြင့်​တော့ တမင်သက်သက် ဖန်တီးယူလိုက်ခြင်းမဟုတ်ပါ​ပေ။ ဝိန်းရိဖန်က လှဲအိပ်​နေရာမှ ထထိုင်လိုက်ပြီး ရှင်းပြရန်ဆုံးဖြတ်လိုက်၏။

[ ဟိုဟာက ငါ နင့်ကို ပိုတဲ့​ငွေ ပြန်လွှဲ​ပေးတာ ]

ဝိန်းရိဖန်က အတွက်အချက်စာရင်းကို တစ်ခုချင်းစီချ​ရေး၍

[ အိမ်ခန်းငှားခက ၉၀၀၀ ၊ ကြို​ပေးထားတဲ့စရံ​ငွေက ၂၅၀၀ ၊ ​ရေဖိုးမီတာဖိုးက ၄၀၀ ]

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Där berättelser lever. Upptäck nu