Chapter 19

487 41 0
                                    

ဝိန်းရိဖန်တစ်​ယောက် စန်းရန်က ကားအ​နောက်ခန်းထဲသို့ဝင်သွားပြီး အလယ်တည့်တည့်၌ဝင်ထိုင်​နေသည်အား ​ကြောင်အမ်းရင်းရပ်ကြည့်​နေမိသည်။အခြားတစ်ဖက်တွင် ထိုင်​နေသည့်သူက စု​ဟောက်အန်း။အ​ရှေ့ခုံ၌ထိုင်​နေသည့် ကျုံးစစ်​ချောင်က လှည့်ကြည့်လာပြီး

"ဖန်ဖန်..ကားထဲဝင်​လေ"

ဝိန်းရိဖန်က 'အင်း'ဟု အသံတစ်ချက်ပြုရင်း ကားထဲဝင်လာခဲ့သည်။

ကားတံခါးပိတ်ပြီးသွားသည်နှင့် စု​ဟောက်အန်းက အဓိပ္ပါယ်ပါပါပြုံးပြရင်း

"မင်းတို့နှစ်​ယောက် ဟိုနားမှာရပ်ပြီး ဘာ​တွေ​ပြော​နေကြတာလဲ..ငါ့ကို​ရော ​ပြောပြလို့မရဘူးလား"

ဝိန်းရိဖန်က စန်းရန်၏မျက်နှာအား တစ်ချက်လှမ်းကြည့်လိုက်ကာ အမှန်တိုင်း​ပြောပြလိုက်၏။

"သူက ငါ့ကို ​နေရာတိုင်းမှာလိုက်ကြွားမ​နေနဲ့ဆိုပြီး မှာ​နေလို့"

ကျုံးစစ်​ချောင် ;

"ဘာကို လိုက်မကြွားခိုင်းတာလဲ"

ဝိန်းရိဖန် ;

"သူနဲ့ အတူတူ​နေတဲ့ကိစ္စကို"

"...."

ကားအတွင်း၌ ​နေရာကျပ်ညှပ်သလိုဖြစ်​နေသည့်ကြားက ဤစကားတစ်ခွန်း​ကြောင့် ​လေထုတစ်ခုလုံး တင်းခနဲဖြစ်သွား​လေ​တော့သည်။

စက္ကန့်​ပေါင်းများစွာကြာပြီး​နောက် တိတ်ဆိတ်​နေမှုကြီးကိုဖျက်လိုက်သည်မှာ စု​ဟောက်အန်း၏ ညစ်ညမ်းညမ်းစကား​ပေ။

"ငါ-ူး..သာ့​ကော..မင်းဆိုတဲ့​ကောင်က အရှက်မရှိမှန်း ငါ သိ​ပေမယ့် မင်း ဒီ​လောက်ကြီးထိ​တော့ မျက်နှာမ​ပြောင်နဲ့​လေကွာ"

စု​ဟောက်အန်းက ဆက်၍

"ဝိန်းရိဖန်..မင်း ဒီ​ကောင့်ကို သိပ်အာရုံစိုက်မ​နေနဲ့..ဒီ​ကောင်က ပါးစပ်ထဲရှိသမျှအကုန်​လျှောက်​ပြောတဲ့​ကောင် ၊ အထက်တန်း​ကျောင်းတုန်းကနဲ့ တစ်ပုံစံတည်းပဲ..ပုံမှန်လူဆိုရင် အသက်​ရလာတာနဲ့ ကိုယ့်ကိုကိုယ်ထိန်းထိန်းသိမ်းသိမ်း​နေလာတတ်​ပေမယ့် အဲ့ထဲမှာ ဒီ​ကောင် မပါဘူး..ဒီ​ကောင်က အသက်ကြီး​လေ​လေ ​​ပေါလာလေ​လေပဲ"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now