ဤအချိန် ဤအခိုက်အတန့်ရှိ စန်းရန်မှာ စန်းကျီ ပြောသမျှစကားအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည့်ပုံစံမျိုးပင်။
စန်းရန်၏ပုံစံမှာ ဖုံးကွယ်ထားလိုသည့်အစီအစဥ် လုံးဝမရှိသည့်အလား သူ့ပစ္စည်းအိတ်များကိုဆွဲပြီး မီးဖိုချောင်ဆီသို့ဦးတည်လျှောက်သွား၏။ ဝိန်းရိဖန်နားမှဖြတ်လျှောက်သွားသည့်အချိန်တွင်တော့ သူမအား တစ်ချက်လှမ်းကြည့်လာပြီး နှုတ်ခမ်ထောင့်စွန်းကိုလှစ်ခနဲကွေးပြကာ အမူအရာကမည်သည့်အရာကိုမှဂရုမစိုက်သည့်ဟန်။
ဆိုလိုချင်သည်က --
--အဲ့တော့ ဘာဖြစ်လဲ?
"...."
ဝိန်းရိဖန်လည်း မီးဖိုချောင်ထဲ တိတ်တိတ်ဆိတ်ဆိတ်လိုက်ဝင်လာခဲ့သည်။
ဘယ်လိုပင်ဖြစ်စေ ဤအဖြစ်အပျက်များမှာ ၇နှစ် ၈နှစ်နီးပါး ကြာသွားခဲ့ပြီမဟုတ်လား။
စန်းရန်၏အကျင့်က သည်လိုမျိုးပင် ၊ လုပ်ခဲ့ဖူးသည့်ကိစ္စများနှင့်ပတ်သတ်ပြီး ပုန်းလျှိုးကွယ်လျှိုးမလုပ်တတ်သည့်အပြင် ၊ တစ်ဖက်လူအား ဤအမှားဟာ သူ့အမှားပါဆိုသည့်ခံစားချက်မျိုးများပေါက်လာအောင်ပင် မျက်နှာပြောင်ပြောင်ဖြင့်လုပ်ပြတတ်သေး၏။
ရေခဲသေတ္တာကိုဖွင့်ပြီး ဒိန်ချဥ်တစ်ဘူးအား ထုတ်ယူလိုက်၏။ စန်းရန် ဝယ်လာသည့်ပစ္စည်းများအား ဖြတ်ခနဲမြင်လိုက်ရပြီး အခြေအနေကြည့်ရသည်မှာ ဟော့ပေါ့ချက်စားတော့မည့်ပုံမျိုးဖြစ်သည်။
ဝိန်းရိဖန်က အကြည့်များလွှဲလိုက်ပြီး မီးဖိုချောင်ထဲမှထွက်လာခဲ့လိုက်သည်။
ခြေအိတ်သာဝတ်ထားသည့် စန်းကျီကို သတိထားမိလိုက်သဖြင့်လည်း ဝိန်းရိဖန်က တံခါးဝနားသို့လျှောက်သွားကာ အိမ်နေရင်းစီးဖိနပ်တစ်ရံအား ဖိနပ်စင်ထဲမှထုတ်ပေးလိုက်၏။
"မမမှာ နောက်တစ်ရံရှိသေးတယ် ၊ စိတ်မရှိဘူးဆိုရင် ညီမလေး ယူစီးလို့ရတယ်နော်"
စန်းကျီက ချက်ချင်းစကားပြန်ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် မမ"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-