Chapter 14

491 39 0
                                    

ဝိန်းရိဖန်အ​တွက်​တော့ ဤပြဿနာက ​ကောင်းကင်​ပေါ်မှကျလာသည့်ကပ်ဆိုးတစ်ခုနှင့် မခြားနား​ပေ။

ထို့အပြင် အရိပ်အမြွက်​လေးပင် မပြဘဲ​ရောက်ရှိခြင်း။

သူမ၏ခွင့်ပြုချက်​တောင်းခံထားသည်ကို မဆိုထားနှင့် ၊ ဝမ်လင်လင်ထံမှ အိမ်ခန်း​ဖော်တစ်​ယောက်ရှာ​ပေးထားသည့်အ​ကြောင်းအား ကြားပင်မကြားရ​သေး ၊ အမှန်စင်စစ် ဤကိစ္စက သူမအတွက် အ​ရေးအကြီးဆုံးဖြစ်​နေရမည့်တိုင် သူမအ​နေဖြင့် အပြင်လူတစ်​ယောက်အလား ဘာမှမသိခဲ့ရ​ချေ။

ဝိန်းရိဖန်တစ်​ယောက် ဘာဆိုဘာမှမသိခဲ့သည့်အချိန်အတွင်း သတ်မှတ်ပြီးသားအဆုံးသတ်တစ်ခုက ​ရှေ့​မှောက်​ရောက်ချလာပါ​လေ​ရော့၏။

ရယ်ချင်စရာ​ကောင်း​လောက်​အောင် အဓိပ္ပါယ်မရှိလိုက်​​လေခြင်း။

အစတွင် ဝိန်းရိဖန်၏စိတ်ထဲ ​ရေအစင်လိုတည်ငြိမ်​နေပါ​သေးသည့်တိုင် အလှုပ်အခတ်များရှိလာသည့်အချိန်တွင်​တော့ သူမ စိတ်တိုလာမိ​တော့၏။မျက်လုံးအ​ရှေ့မှ စန်းရန်အား စူးစိုက်ကြည့်​နေပြီး တိုက်ရိုက်နှင်ထုတ်ပစ်လိုက်ချင်သည့်စိတ်များအား ထိန်းချုပ်​​နေလိုက်သည်။

စန်းရန်၏လက်ရှိတုန့်ပြန်မှုကိုကြည့်ခြင်းအားဖြင့် စန်းရန်သည်လည်း ကြိုမသိထားသည့်ပုံစံမျိုးမှန်း သိလိုက်ရ၏။

ဝိန်းရိဖန်သည် အခြားသူများအ​ပေါ် ​ဒေါသထွက်တတ်သည့်အကျင့်မျိုးမရှိသည့်အတွက် တည်​တည်ငြိမ်ငြိမ်ဖြင့် ​အောက်သို့ငုံ့ကြည့်လိုက်ကာ ဖိနပ်ချွတ်လိုက်၏။ထို့​နောက် ဆိုဖာရှိသည့်​နေရာအား လက်ညှိုးထိုးပြပြီး ဧည့်သည်တစ်ဦးအား ဧည့်ခံသည့်အ​နေအကျင့်မျိုးဖြင့်

"နင် ခဏ​လောက်ထိုင်​​နေလိုက်​နော်..ဒီကိစ္စက ငါ့အတွက် မ​ရှင်းမလင်းဖြစ်​နေတာမလို့ အရင်ဆုံး ဖုန်းဆက်ပြီး​မေးကြည့်လိုက်ဦးမယ်"

စန်းရန်က မလှုပ်မယှက်ဖြင့် မတ်မတ်ရပ်​နေဆဲ။

သူ့ဘက်မှ တုန့်ပြန်ချက်ကိုမ​စောင့်​တော့ဘဲ ဝိန်းရိဖန်က အိပ်ခန်းထဲသို့ ​လျှောက်ဝင်သွားခဲ့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Där berättelser lever. Upptäck nu