Chapter 71

552 38 0
                                    

နောက်ဆုံးတစ်ကြိမ်အပြီးတွင် ပြတင်း​ပေါက်အပြင်ဘက်ရှိ မိုးကျသံများဟာလည်း ရပ်သွားခဲ့ပုံရသည်။

ဝိန်းရိဖန်မှာ စန်းရန်၏ရင်ဘတ်​ပေါ်တွင် မျက်နှာအပ်ထားရင်း စန်းရန်၏အတင်းအကြပ်​ပွေ့ဖက်မှုများကို ခံ​နေရဆဲ ၊ ခံစား​နေရသည်မှာလည်း တစ်ကိုယ်လုံး အင်အားဟူ၍မရှိ​တော့သည့်အလား ၊ ​နေရာတိုင်း၌လည်း ​ချွေးများ​စေးကပ်​နေကာ အ​တော်​လေးကို သက်​​သောင့်သက်သာမရှိလှ​ပေ။

ပူလွန်း အိုက်လွန်း အိပ်ချင်လွန်း ပင်ပန်းလွန်းနေသည်ကလွဲ ဘာမှပင်မသိ​တော့​၏။

ဤအ​ခြေအ​နေတွင်။

စန်းရန်က ​လေ​အေး​ပေးစက်ရီမုလှမ်းယူ၍ စက်ပိတ်လိုက်သည်အား ဝိန်းရိဖန် သတိထားမိလိုက်၏။

ထိုအခါ ဝိန်းရိဖန် ချက်ချင်းခေါင်း​ထောင်လာပြီး အနည်းငယ်အက်ကွဲ​နေသည့်အသံတို့ဖြင့် ;

"ဘာလို့ပိတ်လိုက်တာလဲ"

"ခဏ​နေမှ ပြန်ဖွင့်​ပေးမယ်"

စန်းရန်မှာ လက်ရှိအချိန်တွင် ​အရှေ့ဆံပင်များဖိုသီဖတ်သီဝဲကျ​၍ ​​ချွေးများဖြင့်​စိုစွတ်​နေသည့်အပြင် မျက်ဝန်းများ ခပ်နက်နက် ၊ သူ့မျက်ခုံးတန်း​ပေါ်ရှိ ရမက်ဆန္ဒများကလည်း ကိုယ်လက်နှီး​နှောပြီးပါသည့်တိုင် မ​ပျောက်သွား​သေး​ချေ။

"​ချွေးထွက်​ထားတာ....မင်း အ​အေးမိသွားလိမ့်မယ်"

ညတစ်ဝက်စာ အချိန်ကာလတစ်ခုလုံး ​လူးလှိမ့်ပြီးပါသည့်တိုင် စိတ်အားထက်သန်​နေဆဲဖြစ်သည့် စန်းရန်ကိုကြည့်ရင်း ဝိန်းရိဖန်၏အ​ဖြစ်မှာ စကားပင်မဆို​ရဲ​တော့​သည့်အ​ခြေအ​​နေ။ သို့​သော်ငြား အ​သေအချာ​တွေး​တောစဥ်းစားကြည့်လိုက်ပြီး​နောက်တွင်​တော့ စကားဆိုဖြစ်လိုက်ပါ​သေး၏။

"စန်းရန်"

"အမ်...."

စန်းရန်က ​ဘေးနားတွင်ရှိသည့်အင်္ကျီကိုလှမ်းယူပြီး သူမအား ဝတ်​ပေးမည်ပြု​နေသည့်အချိန်။

ဝိန်းရိဖန်က မ​နှေးမမြန်ဖြင့် တစ်ခု​တောင်းဆိုလာခဲ့၏။

"နင် ငါ့ကို ​ရေချိုး​ပေးလို့ရလား"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now