တစ်စုံတစ်ရာလွဲမှားနေပြီဖြစ်ကြောင်း သတိထားမိသည့် ချယ်ရှင့်ဒယ်၏မိတ်ဆွေအုပ်စုမှာ အချင်းချင်းမျက်စပစ်၍လှမ်းကြည့်ကုန်ကြသည်။ အချိန်အကြာကြီး ထိုင်စောင့်နေခဲ့ရခြင်းကြောင့်လည်းဖြစ်နိုင်သလို ဤအခြေအနေကြီးကို ရှက်စရာကောင်းလှပြီဟု ခံစားမိလိုက်ခြင်းကြောင့်လားမသိ ၊ ချယ်ရှင့်ဒယ် ဘေးတွင်ထိုင်နေသည့် ခပ်ပိန်ပိန်ယောက်ျားတစ်ဦးက မနေနိုင်ဘဲ စကားဝင်ပြောလာတော့သည်။
"ဒယ်ကော ၊ ဒါက ဘယ်လိုဖြစ်တာလဲ"
ဤစကားတစ်ခွန်းနှင့်အတူ အခြားလူများကလည်း လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး ပြောဆိုမေးမြန်းလာကြတော့၏။
"ခင်ဗျား ဒကာခံမယ်ဆိုလို့ ကျွန်တော်တို့လိုက်လာတာနော်"
"ပိုက်ဆံမရှိရင်လည်း စကားကိုလျှောက်မပြောနဲ့လေ ၊ တစ်ဖက်လူက ခင်ဗျားနဲ့ ရင်းနှီးပုံလည်းမရဘူး!"
"ထားလိုက်တော့! သွားမယ် သွားမယ်"
ချယ်ရှင့်ဒယ်၏မျက်နှာမှာ ထိန်းမရအောင်ပျက်နေလေပြီး ခပ်ရှက်ရှက်ဖြင့်ပြုံးနေရသည်။
"မဟုတ်...."
အခြားလူများ မတ်တပ်ထရပ်ပြီး ထွက်သွားဖို့ပြင်နေပြီးကိုမြင်နေရခြင်းကြောင့် ချယ်ရှင့်ဒယ်လည်း လောပြာသွားခဲ့ရင်း စန်းရန်ကိုထပ်ကြည့်လိုက်၏။
"ဘာကို ရဲတိုင်မှာလဲ ၊ ဒီလောက်ပိုက်ဆံလေးကိုတောင် မထုတ်ချင်တာ ၊ မင်းရဲ့ဒီအပြုအမူနဲ့များ ငါ့တူမလေးနဲ့ အတူနေချင်သေးတယ်"
စန်းရန်က ထိုလူအား အရေးမစိုက်ဘဲ ယွိကျောနှင့်သာ စကားဆက်ပြောနေ၏။
"ရဲကိုအကြောင်းကြားပြီးပြီလား"
ယွိကျောက အိတ်ကပ်ထဲမှ ဖုန်းကိုချက်ချင်းထုတ်လာပြီး ;
"အခု....အခုပဲ....."
"ခဏလေး!"
ချယ်ရှင့်ဒယ်၏အမူအရာမှာ ကြာလေ တောင့်တင်းလာလေပင် ၊ စကားသံတို့မှာလည်း သိသိသာသာဆဲရေးလာခဲ့၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-