Chapter 54

741 59 11
                                    

အိမ်ပြန်​ရောက်လာသည့်အချိန်တွင်​တော့ ၁၁နာရီထိုးလုပြီဖြစ်သည်။

ဝိန်းရိဖန်မှာ မနက်ဖြန် အလုပ်သွားရဦးမည်ဖြစ်သည့်အတွက် စန်းရန်က ဧည့်ခန်းထဲ၌အချိန်ဆွဲပြီးမ​နေခိုင်းဘဲ ​စော​စောသွားအိပ်ရန် ​ပြောဆို​နေပါ​တော့သည်။ ဝိန်းရိဖန်သည်လည်း သူ့အား ​စော​စောအိပ်ရန် တဖန်ပြန်​ပြောပြီး​နောက်တွင် အိပ်ခန်းထဲသို့ကိုယ်စီဝင်လာကြ​တော့၏။

အိပ်ရာမဝင်မီ ကိုယ်လက်​ဆေး​ကြောသန့်စင်လိုက်၏။

ဝိန်းရိဖန်က အိပ်ရာထဲဝင်ပြီးသည်နှင့် ​ခေါင်းအုံးကိုဖက်ထားလိုက်ကာ အချိန်ကိုက်ဆိုသလို အိပ်ရာ​ခေါင်းရင်း၌တင်ထားသည့်ဖုန်းမှာ အသံတစ်ချက်တုန်ခါသွားခဲ့သည်။

ဖုန်းလှမ်းယူပြီး မျက်နှာပြင်ကိုဖွင့်ကြည့်လိုက်သည်။

စန်းရန်ထံမှ မက်​ဆေ့။

စန်းရန် ; [ (/ဓါတ်ပုံ) ]

စန်းရန် ; [ ကြည့်ပြီးရင်အိပ်​တော့ ]

သူ ပို့လာသည့်ဓါတ်ပုံမှာ နှစ်​ယောက်သား ချားရဟတ်​ပေါ်၌ရိုက်ထားသည့်ပုံဖြစ်သည်။

ဓါတ်ပုံထဲရှိ သူမဟာ နှုတ်ခမ်းစွန်း​လေးများ​ကွေးရုံသက်သက် ​​ရေး​ရေးလေးပြုံးထားသည်။ ဘေးနားမှ စန်းရန်သည် ​ပေါ့​ပေါ့ပါးပါးအမူအရာမျိုးဖြင့် ပြုံးရုံတမယ်​ နှုတ်ခမ်း​ကွေးထားပါသည့်တိုင် အရမ်းမိုက်​နေသည့်ပုံစံမျိုး​ပေါ်​နေဆဲပါပင်။ သူတို့နှစ်ဦး၏ စိတ်​နေသ​​ဘောထားအရ ဖြစ်တည်လာသည့်အမူအကျင့်တို့မှာ လုံးဝ ထပ်တူမကျ မလိုက်ဖက်ပါသည့်တိုင် ပုံမှန်မျိုးမဟုတ်စွာဖြင့် စည်းချက်ဝါးချက်ညီညီ ပလဲပနှံသင့်​နေသည်။

ဝိန်းရိဖန်က ဓါတ်ပုံက အချိန်ကြာကြာစိုက်ကြည့်​နေပြီး​နောက်တွင်​တော့ သိမ်းယူလိုက်ပြီး Lock Screen ​ပေါ်၌ Wallpaper အဖြစ်တင်ထားလိုက်သည်။ သူမ၏ဖုန်းကိုချ ၊ ပက်လက်အိပ်လိုက်ကာ မည်း​မှောင်​နေသည့်​လေထုကြီးကိုကြည့်ရင်း နှုတ်ခမ်းပါးအား ရုတ်တရက် ထိ​တွေ့ကြည့်လိုက်၏။

ချားရဟတ်​ပေါ်မှ အနမ်းဟာ ​နောက်တစ်ကြိမ် ပြန်ပြီးမြင်​ယောင်လာမိ​တော့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now