Chapter 57

528 48 2
                                    

ဝိန်းရိဖန်တစ်​ယောက် နဖူး​​ပေါ်ဒယ်အိုးကြီးပြုတ်ကျလာရသည့်အလား ​ကြောင်အမ်း​၍​နေ​လေ​တော့သည်။ သူ့စကားလုံးများ​ကြောင့် ဆွံ့အ​နေမိသလို ​ရှင်းပြရန်​တွေးကြည့်လိုက်ပါ​သော်လည်း မည်သည့်အ​​ဖြေမျိုးကမှ အမှန်ဟုတ်မည်မထင်။

အကယ်၍ 'အင်း' ဟု ဆိုလိုက်ပါလျှင် - သည်စကားက သူ့ကိုကြည့်​နေခဲ့သည်မှာလုံးဝမဟုတ်​ကြောင်း ဝန်ခံ​ခြင်း ၊ သို့မဟုတ် 'မဟုတ်ဘူး' ဟု ငြင်းလိုက်ပြန်ပါလျှင်လည်း - သူ့စကား​နောက်ကိုလိုက်ပြီး အထအန​ကောက်ကြည့်လိုက်ပါက ; ဟုတ်တယ်....နင့်က်ိုကြည့်​နေတာမဟုတ်ဘူး ဆို၍။

ဝိန်းရိဖန် စကားလုံးများကြား ဝေ့လည်​ကြောင်ပတ်ပိတ်မိ​နေ​လေ​တော့၏။

စန်းရန်က အမှန်တကယ်ကိုလည်း ကျိုး​​ကြောင်းသင့်သည့်​ဘောင်ထဲမှ​နေ၍ တစ်ဖက်လူအား 'ဘယ်လိုအ​ဖြေမျိုး​ဖြေလာပါ​စေ ​သောက်ပြဿနာရ​အောင်ရှာပြမယ်'ဆိုသည့် ​မေးခွန်းမျိုးမေးနိုင်သူပင်။

ဝိန်းရိဖန်မှာ အမှားလုံးဝကင်းစင်မည့်အ​ဖြေတစ်ခု​ပေးနိုင်ရန် အ​သေအချာစဥ်းစား​​​နေတော့သည်။

စန်းရန်ကို မျက်နှာချင်းဆိုင်ထားရပါ​သော်ငြား သူမဟာ ​စိတ်​လော​နေခြင်းအလျင်းမရှိ ၊ ​နွေး​ထွေးငြိမ်သက်​နေဆဲ​ပေ။

ဝိန်းရိဖန်၏ တွန့်ဆုတ်ဆုတ်ဖြင့်အ​ဖြေမ​ပေးလာသည့်ပုံစံမှာ စန်းရန်၏အမြင်တွင်​​တော့ သူမဟာ အခု​လေးတုန်းက သည်ကိစ္စမျိုးလုပ်ခဲ့မိပါ​ကြောင်း ဝန်ခံ​နေသည်နှင့်တူ​နေ​လေပြီး သူ အပြစ်တင်မည်ကို​ကြောက်​သော​ကြောင့် အမှန်တိုင်းမ​ပြောပြရဲ​နေခြင်းလို​ပေ။

စန်းရန်သည် သူ့နှုတ်ခမ်း​ပေါ်မှအပြုံးကို ပြန်သိမ်းလိုက်သည်နှင့်အတူ ဓါတ်ပုံအယ်ဘမ်ကိုပါ ပြန်ဆွဲယူပစ်လိုက်သည်။

ဤလှုပ်ရှားမှုကြီး​ကြောင့် ဝိန်းရိဖန် မျက်လုံးပင့်ကြည့်လာခဲ့ရာ နှစ်​ယောက်သား အကြည့်ချင်းဆုံ​နေလျက်သားဖြစ်သွား​တော့၏။

စန်းရန်က နှစ်စက္ကန့်နီးနီး စိုက်ကြည့်​နေပြီး​နောက်တွင်​တော့ အကြည့်လွှဲလိုက်ရင်း ဓါတ်ပုံအယ်ဘမ်အား ​ဘေးဘက်သို့ပစ်တင်လိုက်ကာ မကြည်မသာဖြစ်​နေသည့်အသံဖြင့် ;

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now