Chapter 53

594 55 1
                                    

ချားရဟတ် တစ်ပတ်လည်ရန်ကြာချိန်မှာ ၁၅မိနစ်နီးပါး။

တိုက်တိုက်ဆိုင်ဆိုင် ချားရဟတ်ရပ်သွားပြီလည်းဖြစ်၍ နှစ်​ယောက်သားက အထဲမှဆင်းလာခဲ့​သည်။

ဝိန်းရိဖန်က စန်းရန်အား ဆွဲ​ခေါ်လာခဲ့ရင်း ဖုန်း​ခေါ်ဆိုမှုတစ်ခု မတိုင်ခင်အချိန်က စန်းရန် ရုတ်တရက်အနားကပ်လာသည့်အ​ကြောင်းကို ပြန်​တွေးကြည့်​နေမိသည်။ သူမက အ​ရှေ့တည့်တည့်ကိုသာ ကြည့်​နေမိပြီး လက်ဖဝါးတစ်ဖက်ကလည်း ကိုယ့်မျက်နှာကိုယ် မဆီမဆိုင်ပွတ်သပ်​နေပါ​​တော့သည်။

စန်းရန်ရှိသည့်​ဘေးတစ်ဖက်သို့လှည့်ကြည့်လိုက်ရာ လက်ရှိအချိန်တွင် သူဟာ မည်သည့်အမူအရာမျိုးမှရှိမ​နေ ၊ သူ့အ​နေဖြင့် ခုဏ​လေးတုန်းက ကိစ္စအ​ပေါ် ဘာဆိုဘာမှမခံစားရသည့်ပုံစံမျိုးပင်။

ကြည့်ရသည်မှာ ဝိန်းရိဖန်တစ်​ယောက်တည်းကသာ အထင်မှားသွားပုံရသည်။

ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီး လက်ကိုင်ဖုန်းကိုထုတ်ကာ အချိန်တစ်ချက်ကြည့်လိုက်၏။ ၉နာရီခွဲဝန်းကျင်သာရှိ​သေးသည့်အတွက် ရုပ်ရှင်ကြည့်ဖို့ရာ အချိန်မီ​သေးသည်။ ဤသို့ဤနှယ်​တွေးမိရင်း ဖုန်းကိုဖွင့်ပြီး အခုတ​လောရုံတင်ပြသထားသည့် ဇာတ်လမ်းများကို ရှာ​ဖွေကြည့်လိုက်သည်။

နှစ်​ယောက်သားက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ လမ်း​လျှောက်​နေကြလျက်သား။

စုံတွဲတစ်တွဲက ​ဘေးနားမှဖြတ်​လျှောက်သွားသည့်အချိန်တွင်​တော့ ဝိန်းရိဖန်မှာ တစ်ဖက်​မိန်းကလေး​ပြော​နေသည့်စကားကို အမှတ်တမဲ့ကြားလိုက်ရသည်။

"ချားရဟတ်ထိပ်ဆုံးမှာ​ရောက်​နေတဲ့အချိန် နမ်းတဲ့အတွဲ​က တစ်သက်လုံးမခွဲမခွာအတူတူ​နေရတယ်တဲ့....ခဏ​နေကျရင် ငါတို့လည်း နမ်းမှာ​နော်"

​ယောက်ျား​လေးက တပြုံးပြုံးနှင့်နား​​ထောင်​နေ​သော်လည်း စကားတစ်ချို့ပြန်​ပြောလာ​သေးသည်။

"ဘယ်က​နေ ကြားလာတာ​တွေလဲ ၊ ကလေးဆန်လိုက်တာ"

ဝိန်းရိဖန်၏အကြည့်များက ဖုန်းမျက်နှာပြင်မှတဆင့် ထိုစုံတွဲရှိသည့်အရပ်သို့ ​ရောက်သွားခဲ့၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now