Chapter 63

641 49 3
                                    

စန်းရန် ​ဆိုလိုက်သည့်စကားတစ်ခွန်း၏အသံ​နေအသံထားမှာ ဤကိစ္စများအ​ပေါ် သူ လုံးဝဂရုမစိုက်သည့်အလား ၊ သူ့အတွက် အ​နှောင့်အယှက်တစ်ခုလိုလည်း လုံးဝမသတ်မှတ်သည့်အသွင်မျိုးနှင့် ​ပေါ့​ပေါ့ပါးပါးနှင့်​အေး​အေးလူလူသာဖြစ်သည်။

"ကိုယ်တို့နှစ်​ယောက်ရဲ့ ဆက်ဆံ​ရေးအရ....."

စန်းရန်က လက်ကိုပြန်ရုတ်သွားခဲ့ပြီး ကျန်​နေသည့်စကားများအား ခပ်သွက်သွက်​ရေရွတ်လိုက်သည်။

"ဘယ်ကိစ္စမှာမဆို မင်းဆီက ခွင့်ပြုချက်အရင်​တောင်းရ​မှာ​လေ ဟုတ်တယ်မလား"

"အမ်"

"မဟုတ်ရင်...."

စန်းရန်က ပျင်းတိပျင်းရွဲ​လေသံနှင့် ;

"နစ်နာရတဲ့သူက မင်းဖြစ်သွားလိမ့်မယ်"

"....."

ဝိန်းရိဖန် ကြောင်အမ်း​နေရင်း စန်းရန်၏စကားအား အ​လေးအနက်​တွေး​ကြည့်​နေလိုက်သည်။

"ငါ အဲ့​လောက်ထိ နိုင်ထက်စီးနင်းမလုပ်ပါဘူး ၊ နင့်ပိုင်တဲ့ပစ္စည်း​တွေကို နင် ကြိုက်သလိုလုပ်လို့ရတာက နင့်ရဲ့လွတ်လပ်ပိုင်ခွင့်​လေ ၊ နင် သုံးချင်သလိုသုံးလို့ရတယ် ၊ ငါ့ကို ​မေး​နေစရာမလိုဘူး"

စန်းရန်က ​ခေါင်း​စောင်း၍လှည့်လာပြီး သူမအား အဓိပ္ပါယ်ပါပါနှင့် ကြည့်လာခဲ့သည်။

တစ်ခဏကြာကြာ တိတ်ဆိတ်​နေပြီး​သည့်​​​နောက်အထိ။

စကားတစ်ခွန်းမဆိုဘဲ စိုက်ကြည့်​နေသည့်တိုင် ဝိန်းရိဖန်အ​နေဖြင့် သူ ဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားမလည်ပါ​သေး​ချေ။ လက်ထဲမှ တူကိုချပြီး ချိတုံချတုံဖြင့် ​မေးကြည့်လိုက်၏။

"နင်က ငါ့ပိုင်ဆိုင်မှု​တွေကို စီစစ်ထိန်းသိမ်း​ပေးချင်လို့လား"

"...."

"အဲ့လိုလည်း ရတယ်​လေ ၊ ဒါ​ပေမယ့် အများကြီး​တော့မရှိဘူး​နော်"

ဝိန်းရိဖန်၏လစာမှာ အရင်အစမ်းခန့်ကာလကထက်များလာပါ​သော်ငြား မျိုးစုံသော​နေထိုင်မှုစရိတ်များ​ကြောင့် များများစားစား မစု​ဆောင်းမိ​ခဲ့။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now