Chapter 42

590 49 5
                                    

ဝိန်းရိဖန်၏အသက်ရှူသံများမှာ ရပ်တန့်သွားရလျက်သား။

ဦး​နှောက်တစ်ခုလုံးသည်လည်း အဆက်အသွယ်ပြတ်သွားသည့်အလား ရုတ်ချည်းဗလာကျင်းသွားခဲ့ကာ နားအိမ်အတွင်း၌ တဝီဝီဆူညံသွားပါ​တော့သည်။ သူ ထိသွားခဲ့​နေရာ၌ ​နောက်တစ်ကြိမ် ထပ်ထိ​တွေ့ခံ​နေရသလို ခံစားလိုက်ရပြီး ​နောက်တစ်ကြိမ် လောင်ကျွမ်း​နေသည့်အတိုင်းပင်။

ပြင်းပြ​နေမှုမှာ အတိုင်းအဆမရှိ။

"အို့"

ဝိန်းရိဖန်က အ​လေးတနက်မရှိသလိုဟန်​ဆောင်ရင်း လျစ်လျူရှုကာ မူလစကား​လမ်း​ကြောင်းဆီသို့ ပြန်ဆွဲ​ခေါ်လာခဲ့သည်။

"ငါလည်း မကြာခင် ​ဆေးရုံကိုသွားပြပြီး ဆရာဝန်နဲ့တိုင်ပင်ကုသမှာပါ"

စန်းရန်၏အကြည့်များက သူမအ​ပေါ်၌သာရှိ​နေပြီး ​တွေး​တွေးဆဆဖြင့် 'အင်း' ဟု အသံတစ်ချက်ပြုလာခဲ့သည်။ သို့သည်တိုင် သူ့ပုံစံက သူမ​ပြော​နေသည့်စကားများကို နား​ထောင်​နေပုံမရ ၊ အာရုံမရှိသည့်အလားဖြင့် ;

"ဘာလို့ မျက်နှာ​တွေနီ​နေတာလဲ"

"ရာသီဥတုက အရမ်းပူလို့"

ဝိန်းရိဖန်က အကြည့်လွှဲလိုက်ပြီး အ​ကြောင်းပြချက်တစ်ခု​ပေးလာခဲ့၏။

"အခုတ​လော ၄၀ ဒီဂရီစင်တီဂရိတ် နီးပါးရှိ​နေတာ"

"အို့"

စန်းရန်က အ​နောက်သို့မှီချလိုက်ပြီး ​လေ​အေး​ပေးစက်ရှိသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်၍ ;

"​လေ​အေး​ပေးစက် ဖွင့်ထားတယ်​လေ"

"...."

"မင်း ပြန်​ရောက်​​ရောက်ချင်းတုန်းက မျက်နှာ​မနီ​​သေးပါဘူး"

စန်းရန်က ပြုံးလိုက်ရင်း သူမအား တစ်လှမ်းမျှအလွတ်မ​ပေးချင်ပုံရသည့်အပြင် ကစား​နေသည့်​လေသံမျိုးနှင့်ဆိုသည်။

"​လေ​အေး​ပေးစက်နားမှာကြာကြာ​နေလိုက်လို့ မျက်နှာနီသွားတာများလား"

"...."

စန်းရန်ဘက်မှ အလွတ်မ​ပေးချင်​နေ​သော​ကြောင့် ဝိန်းရိဖန်လည်း ကူကယ်ရာမဲ့သည့်အဆုံးတွင် အမှန်တိုင်းသာ စကားဆိုလိုက်၏။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now