Chapter 70

867 70 3
                                    

မျက်ဝန်း​ရှေ့မြင်​နေရသည့် အဝါ​ဖျော့​​ဖျော့မီး​ရောင်များမှာ တစ်ခန်းလုံးအပြည့်လင်းထိန်​နေလျက်ရှိပြီး အနည်းငယ်ပြိုးပြိုးပျက်ပျက်နိုင်လှသည်။ ​လေ​အေး​ပေးစက်ဖွင့်ထားသည့်အသံအပြင် မိုးကျသံ​ဖြောက်​ဖြောက်တို့ကိုလည်း မသိမသာ​ရော​ထွေး၍ ကြား​နေရပါ​သေးသည်။

ဝိန်းရိဖန်သည် အသာအယာ​ခေါင်း​မော့မိလိုက်ရင်းက ဤမရင်းနှီးလှ​သော၊ဖော်ပြရန်ခက်ခဲသည့်အထိအ​တွေ့များကို လက်ခံ​နေလိုက်ရင်း ​တွေး​ခေါ်နိုင်စွမ်းများမှာလည်း ​နှေး​ကွေးလာခဲ့သည်။ သူမအ​နေဖြင့် စန်းရန်​ပြော​နေသည့်စကားများကို မတုံ့ပြန်နိုင်ပါ​တော့ဘဲ ခန္ဓာကိုယ်ကသာ သူ၏လှုပ်ရှားမှုများအတိုင်း ​မျောပါ​နေ​တော့သည်။

စန်းရန်၏သန်မာတင်းရင်း​နေသည့်ခန္ဓာကိုယ်ထက်မှ ရင်းနှီးလွန်းလှသည့်ကိုယ်သင်းရနံ့များမှာ​တော့ သူမအား ပို၍စွဲလမ်းလာ​အောင် ပြုစား​နေသလိုလို။ ​ရေစက်များက သူ့ခန္ဓာကိုယ်ထက်,တင်ကျန်​နေဆဲဖြစ်ပြီး ဆံပင်​ပေါ်မှ​ရေစက်များကလည်း အချိန်နှင့်အမျှတစက်စက်ကျ​နေကာ ​တစ်ချက်တစ်ချက်​အေးစိမ့်သွားရလျက်သား။

အထိန်းအကွပ်မဲ့​သောပူ​နွေး​နေခြင်းများကြား နစ်မြှုပ်​သွားရရင်းက ထို​အေးစိမ့်မှု​ကြောင့် တဖန်လန့်နိုးရလာသည့်သဖွယ်ပင်။

ဝိန်းရိဖန်၏မျက်ဝန်းများဟာ ရှုပ်​ထွေးခြင်းများကြားမှ​နေ၍ အ​ရှေ့တွင်ရှိသည့်မီးလုံးများကိုစိုက်ကြည့်​နေပြီး​နောက် ​ဖြေး​ဖြေးချင်း ​အောက်​လျော့ဆင်းလာခဲ့သည်။ စန်းရန်၏အဝတ်အစားများ ပုံမပျက်ရှိ​နေ​သေးသည့်​တွေ့လိုက်သည့်အခါတွင်​တော့ သူ့​ခေါင်းကိုထိန်းကိုင်ထားရင်း ကတုန်ကယင်ဖြင့်​မေးလိုက်၏။

"စန်းရန်....မီးမမှိတ်ဘူးလား...."

ဤစကားသံ​ကြောင့် စန်းရန်က ​ခေါင်း​မော့၍ကြည့်လာ၏။

လင်းထိန်​နေသည့်မီး​ရောင်​အောက်တွင်။

​ယောက်ျား​လေး၏အသွင်အပြင်မှာ ​အေးစက်ဖြူ​ဖွေး​နေပြီး သူ့နှုတ်ခမ်းများမှာ​တော့ ​အရည်မျှင်များဖြင့်မည်းနက်​နေသည်။ မျက်ခုံးနှင့်မျက်ဝန်းများက စူးရှ​နေပြီး မျက်ဝန်းအိမ်နှစ်ခု၏အ​ရောင်မှာ ကြည်လင်​နေသည့်အနက်​ရောင်။ လက်ရှိအချိန်တွင် ပြင်းပြသည့်ဆန္ဒများကို မဖုံးကွယ်တမ်းထုတ်လွှတ်​နေပြီး စူးရဲ​နေသည့်မျက်နှာထားထက်တွင်​ ကျူး​ကျော်လာချင်​နေသည့်အမူအရာများက တစ်စက်​လေးမှမ​လျော့တမ်း ရှိ​နေ​လေသည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now