Special Chapter 2

349 25 3
                                    

ကျူးယိ​လောင်ရှစ် - Weibo Update Mini Extra

~ 《 Hidden Love 》 နှင့် 《 First Frost 》 တို့ ပူး​ပေါင်းထားသည့်ပြဇာတ်ငယ်

>>>>>

ည ၁၁နာရီ ၅၉ မိနစ်။

ဝိန်းရိဖန်သည် ကိုင်ထားသည့်လက်​တော့ပ်ကိုချပြီး ​အ​စောကတည်းက အိပ်​ပျော်သွားနှင့်သည့် စန်းရန်၏​ဘေးသို့ရွှေ့လာကာ သူ့ညာဘက်ပါးပြင်အား လက်ညှိုးဖြင့်ထိုးလိုက်သည်။ စန်းရန်က ချက်ချင်း​မျက်​မှောင်ကျုံ့သွားပြီး မျက်လုံးဖွင့်ကြည့်လာ၏။

နှစ်​ယောက်သားမှာ အကြည့်ချင်းဆုံ​သွားကြ၏။

​နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်က နှုတ်ခမ်းပါးကိုကွေး၍ ပြုံးပြလိုက်၏။

"အားရန်..​..မွေး​နေ့မှာ ​ပျော်ရွှင်ပါ​စေ"

မည်သည့်အပိုစကားမှထပ်မ​ဆို​တော့ဘဲ သူ့နှုတ်ခမ်း​ထောင့်​လေးအား အသာအယာနမ်းလိုက်သည်။

"ရပြီ ၊ နင် ပြန်အိပ်​တော့"

ဝိန်းရိဖန် ပြန်ထသွား​တော့မည်ကို မြင်လိုက်သည့်အခါ စန်းရန်သည် ဝိန်းရိဖန်ကိုလှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်၏။ အနည်းငယ်မျှသာ နိုးလာပုံရ​သေးသည့်သူက ခပ်အုပ်အုပ်အသံမျိုးဖြင့် ;

"ဘာလဲ"

ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့် ​နောက်တစ်ကြိမ်ဆိုလိုက်သည်။

"​မွေး​နေ့မှာ ​ပျော်ရွှင်ပါ​စေ"

"အင်း"

စန်းရန်က ဆက်၍ ;

" ၁၂ နာရီထိုးပြီလား"

"အင်း​လေ"

နှစ်စက္ကန့်နီးပါး တိတ်ဆိတ်သွားပြီး​နောက်တွင် စန်းရန်က ​သူမ၏ဆံပင်များကြားထဲသို့ တိုး​​ဝေ့လာပြီး စကားထပ်ဆိုလာခဲ့သည်။

"​ခြောက်နှစ်​တောင်ရှိသွားပြီ"

ဝိန်းရိဖန်က ​ကြောင်အမ်းသလိုဖြစ်သွားပြီးမှ ပြုံးလိုက်မိ၏။

"အင်း..​..ခြောက်နှစ်​တောင်ရှိသွားပြီ"

လူကို နိုး​အောင်လုပ်မိသွားသည့်အကျိုးဆက်မှာ ဝိန်းရိဖန် ​ရေမချိုးချင်ဘဲချိုးလိုက်ရခြင်းပင် ဖြစ်သည်။ ​နောက်တွင်​တော့ စန်းရန်က အိပ်မ​ပျော်​တော့သဖြင့် ဖုန်းကိုဖွင့်ပြီး Wechat ထဲဝင်ကြည့်လိုက်ရာ ဒါဇင်နှင့်ချီသည့်မက်​ဆေ့​ရောက်​ကြောင်း အသိ​ပေးသည့်အနီ​ရောင်အစက်များက အပြည့်ရှိ​နေသည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now