Chapter 1

2.2K 110 4
                                    

ရှားရှားပါးပါးရထားသည့် အားလပ်ရက်​တစ်ရက်ဖြစ်၍ 'ဝိန်းရိဖန်'သည် ညနက်သည့်အချိန်ထိ သရဲကားကြည့်ရင်း အချိန်ကုန်ဆုံး​နေလိုက်သည်။

​​ခြောက်ခြားစရာ​ကောင်း​အောင်လုပ်​နေသည့်အရာအားလုံးမှာ ​နောက်ခံတီးလုံးနှင့်​အော်သံများသာဖြစ်ပြီး ဇာတ်လမ်းအစကတည်းက ​ကြောက်စရာ​ကောင်းသည့်ပုံရိပ်ဟူ၍တစ်ခုမှမပါ​သေး။ နှစ်သက်​သောအရာတစ်ခုကို မဖြစ်မ​နေလုပ်ယူတတ်သည့်အကျင့်ရှိ၍လည်း မျက်ခွံကို အတင်းဖွင့်ထားရင်း ဇာတ်လမ်းအဆုံးထိကြည့်​ရန်ကြိုးစား​နေလေသည်။

ဇာတ်သိမ်းသွား​ကြောင်း စာတန်းထိုးလာသည့်အချိန်တွင်မှ ဝိန်းရိဖန် စိတ်​လျော့ချလိုက်နိုင်ကာ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး အ​တွေးများကြား နှစ်​မျောစီးဝင်ပစ်လိုက်​​တော့၏။ အိပ်မက်ကမ္ဘာထဲသို့ ​မျောပါလုနီးနီးအချိန်တွင် ရုတ်တရက် တံခါးထုရိုက်သံပြင်းပြင်းကို ကြားလိုက်ရ၏။

'ဘန်း'ဆိုသည့် အသံကျယ်ကြီးတစ်ခု။

ပြန်ဖွင့်လာသည့် ဝိန်းရိဖန်၏မျက်လုံးများက ဆတ်ခနဲ။

လိုက်ကာစကြားမှ တိုးဝင်လာသည့် လ​ရောင်မှာ ကျိုးတိုးကျဲတဲ ၊ အပြင်ဘက်မှ​နေ၍ အရက်မူး​နေသည့်​ယောက်ျားတစ်​ယောက်၏​အော်ဟစ်သံကို ကြားလိုက်ရကာ ​ခြေသံများက အခြားဦးတည်ရာတစ်ခုသို့ သွား​နေသည့်ခပ်ရှပ်ရှပ်အသံများ။

ထို့​နောက်တွင် တံခါးဖွင်သံတစ်ခုနှင့် ပြန်ပိတ်သွားသည့်အသံတစ်ခု။

​နောက်တွင် လှုပ်လှုပ်ရှားရှားဖြစ်​နေသည့်အသံများအားလုံး ငြိမ်သက်တိတ်ဆိတ်သွား​တော့၏။

အခန်းတံခါးကို စက္ကန့်ပိုင်းမျှစိုက်ကြည့်​နေရင်း အရာအားလုံးပြန်လည်တိတ်ဆိတ်သွားပြီးသည့်​နောက်တွင်​တော့ ဝိန်းရိဖန်လည်း သတိကြပ်ကြပ်ထား​နေသည့်စိတ်ကို ​လျော့ချပစ်လိုက်သည်။ နှုတ်ခမ်းကိုလည်း တင်းတင်း​စေ့ထားရင်း ဒေါသကထောင်းခနဲ ထွက်လာပြန်​​တော့၏။

သည်တစ်ပတ်ထဲ၌ပင် ဘယ်နှကြိမ် ရှိ​နေပြီမှန်းမသိ။

အိပ်​ပျော်ခါစစိတ်​လေးက ​နှောက်ယှက်ခံလိုက်ရကာ ဝိန်းရိဖန်အတွက် ပြန်အိပ်​ပျော်သွားဖို့ရလည်းမလွယ်ကူ။ အိပ်ရာ​ပေါ်လူးလိမ့်ရင်း မျက်လုံးကိုတဖန်ပြန်မှိတ်လိုက်ကာ အခု​လေးတင်ကြည့်ထားသည့်ရုပ်ရှင်ဇာတ်လမ်းအ​ကြောင်း ပြန်​တွေးမိလိုက်သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]On viuen les histories. Descobreix ara