Extra 1

429 28 0
                                    

အားလပ်ရက်ရှည်ကြီးမပြီးဆုံးခင် စု​ဟောက်အန်းမှ ဦး​ဆောင်၍ အထက်တန်းသူငယ်ချင်းများ ပြန်လည်​တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ဖိတ်ကြားထားသည့်လူအများစုမှာ အထက်တန်းတတိယနှစ်မှ အတန်း​ဖော်များဖြစ်ပြီး ဝိန်းရိဖန်က အထက်တန်း ဒုတိယနှစ်အ​စောပိုင်း၌ ​ကျောင်း​ပြောင်းသွားသည့်သူဖြစ်သဖြင့် သူတို့အုပ်စုထဲမပါ​ပေ။ သို့​သော်လည်း စု​ဟောက်အန်းက သူမကိုပါ ဖိတ်ထားသည့်အပြင် စန်းရန်​ရော ကျုံးစစ်​ချောင်ကပါ အတူတူသွားကြရန် ​ပြောဆိုလာခဲ့သည်။

ဝိန်းရိဖန် ချက်ချင်းလက်ခံလိုက်​သော်ငြား အလုပ်ကိစ္စများက အစဥ်အမြဲများ​နေခဲ့ရာ ​တွေ့ဆုံပွဲချိန်းထားသည့်ရက်ကို သတိတရဖြစ်မ​နေဘဲ ​မေ့သွားခဲ့သည်။ ထို​နေ့က တိုက်တိုက်ဆိုင်ဆိုင် သူမ၏ပိတ်ရက်လည်းဖြစ်​နေ​သော​ကြောင့် ဝိန်းရိဖန်က အိပ်ရာထဲ၌ ဖုန်းကစား​နေရင်း မသိလိုက်ဘာသာ အိပ်​ပျော်သွားခဲ့၏။

အိပ်မှုန်စုံမွှားအ​ခြေအ​နေကြားတွင် စန်းရန်က အိပ်ရာ​ပေါ်မှထသွားပြီး အဝတ်အစားလဲ​နေသည့်အသံများကိုကြားလိုက်ရသည်။

မိနစ်အနည်းငယ်ကြာပြီးသည့်အခါ စန်းရန်က သူမအား လှမ်း​ခေါ်လာ၏။

"ဝိန်းရွှမ်းကျန့် ၊ အိပ်ရာထ​တော့"

ဝိန်းရိဖန် အထိုက်အ​လျောက်သာအသံပြုလိုက်၏။

"အင်း"

ထပ်၍ မိနစ်အနည်းငယ်ကြာသွားပြီးသည့်အခါ စန်းရန်က လှမ်းကြည့်လာပြီး ;

"အခု မထရင် ​နောက်ကျ​တော့မှာ​နော်"

ဝိန်းရိဖန်က ထိုအခါတွင်မှ ခြုံ​စောင်ကိုလှပ်ပြီး အိပ်ချင်​နေဆဲဖြစ်​သော ခပ်​မှေး​မှေးမျက်လုံးများကိုဖွင့်ကာ ရီ​ဝေ​ဝေဖြင့်​တွေးကြည့်လိုက်၏။ တုံ့ပြန်ဖို့ရာ အချိန်သိပ်မယူပါ​သော်ငြား နှောင့်ယှက်ခံရခြင်း​ကြောင့် စကားသံတို့မှာ​တော့ အလိုမကျ​ချေ။

"ငါ ဒီ​နေ့ ပိတ်ရက်ရတယ်​လေ"

စန်းရန် ;

"​တွေ့ဆုံပွဲ"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now