Chapter 74

452 45 4
                                    

ချယ်ရှင့်ဒယ်၏နောက်ဆက်တွဲလုပ်ရပ်များနှင့်ပတ်သတ်၍ ဝိန်းရိဖန် များများစားစားအာရုံမစိုက်ပါ​တော့​ပေ။ ချယ်ရှင့်ဒယ်၏လုပ်ရပ်များဟာ ပြင်းထန်လွန်းသည့်အဆင့်မျိုးမဟုတ်သဖြင့် ကြီး​လေးသည့်ပုဒ်မတစ်ခုခုတပ်၍မရမည်မှန်း သူမ နားလည်ပြီးဖြစ်သည်။

ဖုကျွမ့်ကို​တော့ မိသားစုအတွင်း​ရေးပြဿနာတစ်ခုဟုသာ သိထား​စေပြီး အိတ်ကိုဆွဲလုသည့်ကိစ္စမှာလည်း သည်အတိုင်းဆွဲလားရမ်းလားလုပ်မိခြင်းဟုသာ ​ထင်မြင်​စေခဲ့သည်။ ထို့အပြင် သူမ၏အိတ်ထဲ၌လည်း ထိုအချိန်တုန်းက တန်ဖိုးကြီးပစ္စည်းများမပါသဖြင့် လုယက်မှုဟု​ခေါင်းစဥ်တပ်၍မရခဲ့၏။

ရဲအ​ကြောင်းကြားသည့်အချိန်တွင်လည်း ထိုလူက ထွက်မ​ပြေးဘဲ ကိစ္စအဝဝ၌ပူး​ပေါင်းထွက်ဆိုခဲ့​သေးသည်။ အဆုံးသတ်တွင် လဝက်​ကျော်​ကျော်​လောက်သာ ထိန်းသိမ်းခံလိုက်ရပြီး ဒဏ်​ငွေ​ဆောင်ရုံဖြင့် ပြန်လွှတ်လာခဲ့သည်။

ဝိန်းရိဖန်သည်လည်း မည်သည့်အဆုံးသတ်မျိုးဖြစ်ပါ​စေ သူမ ဂရုမစိုက်ပါ​ချေ။ သူမဘက်မှ ချယ်ရှင့်ဒယ်အား ​သူပြုသမျှကိစ္စတိုင်းအတွက် ပြင်းထန်သည်ဖြစ်​စေ ​လျော့​ပေါ့သည်ဖြစ်​စေ ပြန်​ပေးဆပ်ခိုင်းမည်ဆိုသည့်အချက်ကို သိရှိသွား​စေချင်ရုံသာဖြစ်သည်။ သည့်ထက်အပြင် သူမအတွက်​တော့ ဤမိသားစုအတွင်း​ရေးပြဿနာများက လုံးဝကိုလျစ်လျူရှူထားပြီးသား ကိစ္စများပင်ဖြစ်ကာ သူမနှင့်စန်းရန်အား အ​နှောင့်အယှက်လာ​ပေးနေမည်ကိုသာ စိတ်ပူ​နေခြင်းဖြစ်၏။

ဤစိတ်ပူစရာအ​ကြောင်းပြချက်သာမရှိလျှင် ထိုလူတစ်စုအား သူမ အ​ရေးပင်လုပ်​နေမည်မဟုတ်​တော့​ချေ။

မျက်​တောင်တစ်မှိတ်စာအတွင်း ​နွေရာသီကာလကြီးသည် လအကူးအ​ပြောင်းနှင့်အတူ ပြီးဆုံးခါနီးအချိန်သို့​ရောက်လာခဲ့သည်။ မခံမရပ်နိုင်​အောင်ပူပြင်းလွန်းသည့်ရာသီဥတုကြီးမှာ တ​ရွေ့​ရွေ့ဖြင့်ကုန်လွန်လာပြီး ဆောင်းဦးရာသီသို့​ရောက်လာသည်နှင့်အတူ နန်းဝူမြို့၏အပူချိန်မှာလည်း ကျဆင်းလာခဲ့သည်။

ယီဟယ်မြို့မှပြန်လာပြီး​နောက်ပိုင်းတွင် စန်းရန်သည် ချန်​ဖေးထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Tempat cerita menjadi hidup. Temukan sekarang