Part 1

44.7K 2.1K 45
                                    

[Unicode]2010 ခုနှစ် . . . Zulyလ
Chongqing မြို့ . . . . .

Sichuan နယ်လေးမှာရှိတဲ့  ရွာသူရွာသားတွေ အားလူံး ရွာထိပ်မှာရှိတဲ့  အဆောက်ဦးကြီးတစ်ခုဆီသို့ စုရုံးကာ ပွက်လောရိုက်လျက်ရှိသည်။

"Nuclear ဓါတ်ပေါင်းဖို ဆောက်လုပ်စီမံကိန်း ပယ်ဖျက်စေ ပယ်ဖျက်စေ . . . .  "

"စီမံကိန်းမဖျက်ရင် အထက်ထိတက်တိုင်မယ်. . . . "

နဖူးစည်းအနီများနှင့် ရွာသားများအားလုံး ထိုအဆောက်ဦးရှေ့တွက် စီမံကိန်းပယ်ဖျက်ဖို့အတွက် ဆန္ဒပြလျက်ရှိကြသည်။

Sichuan နယ်လးမှာ တောင်သူလယ်သမားပေါများသည်ဖြစ်တာမို့ ဓါတ်ပေါင်းဖိုဆောက်လုပ်ခြင်း၏ဆိုးကျိုးများကို စိုးရိမ်ကာ ဝိုင်းအုံပိတ်ပင်ခြင်းဖြစ်သည်။

ဓါတ်ပေါင်းဖို ဆောင်လုပ်လျှင် မြေသြဇာဓါတ်တွေ ခမ်းခြောက်ကုန်သည်သာမက ပတ်ဝန်းကျင်တွင်လည်း လေထုညစ်ညမ်းပြီး အန္တရာယ်ရှိတာမို့ အားလုံးကပိတ်ပင်ကြ၏။

"Fuckပဲ. . . နားညီးလိုက်တာ တောက်. . .  "

အဆောက်အဦးရဲ့ အထွတ်ထိပ်နေရာမှာ ကျက်သရေရှိရှိထိုင်နေသော လူတစ်ယောက်။ ဘေး၌ရှိသော အနက်ရောင်ဝတ်စုံတွေနဲ့ လူတစ်စုက ထိုလူရဲ့နောက်လိုက်များဖြစ်ပုံပေါ်မည်။ 

"ကျုပ်တို့ တစ်ခုခုလုပ်လိုက်ရတော့မလား ဆရာ. . . "

သူ့အနောက်က တပည့်တစ်ယောက်က ထိုဆန္ဒပြပွဲကိုနားညီးလာပြီး နှုတ်ပိတ်ဖို့တောင်းဆိုလာခဲ့သည်။ ထိုစဉ် ခေါင်းဆောင်ဖြစ်မည့်ထိုလူက လက်ထောင်ပြလိုက်၏။

" Blacker ဂိုဏ်းဆိုတာ ညအချိန်မှာပေါ်ထွက်ရတဲ့စွမ်းအားရှင်တစ်ယောက်ပဲ သူတို့အသံကောင်းတုန်းအော်ဟစ်ကြပါစေ. . ။ သူတို့တွေ ခြေကုန်လက်ပန်းကျသွားမှ အသာလေးနှုတ်ပိတ်လိုက်လို့ဖြစ်တယ်. . . . "

အေးစက်စက်နဲ့ ကောက်ကျစ်စွာပြောနေသော ထိုလူရဲ့ရုပ်ရည်သွင်ပြင်ဟာလည်း လူဆိုးတစ်ယောက်အသွင်ပေါ်နေသည်။ သူ့အပေါ်သေးသေးလာတင်ရင် လုံးကြီးတင်ဆံခတ်ရမှ ကျေနပ်တဲ့အကြည့်မျိုးနှင့်။  လက်ညိုးနဲ့လက်ခလယ်ကြားက ဆေးလိပ်ကို မီးညှိပြီး နှုတ်ခမ်းမွှေးယေးယေးလေးပေါ်နေသော သူ့နှုတ်ခမ်းပေါ်သို့ ဆွဲယူရှုရှိုက်နေခဲ့သည်။

Soulmate (Completed Story)Where stories live. Discover now