Part - 18

10.9K 1.3K 51
                                    

[Unicode]*ပြသနာကောင် !! မင်းကြောင့်ဒါတွေဖြစ်ရတာ. . . ငါဘယ်သူလဲဟုတ်လား. ?? . . ငါက မင်းကိုသတ်မယ့်ကောင်ပဲ ! *

ရှောင်ကျန့်ခမျာ လုယွင်နဲ့ Yiboအကြည့်ချင်းတိုက်ခိုက်နေတဲ့ကြား ဓါးစာခံဖြစ်လာတော့သည်။ သူတို့ကိုယ်တိုင်လည်း အတွေးကိုယ်စီနဲ့ရှုပ်ထွေးလာ၏။

*သူတို့ူပြောစကားအရ ချောင်ယွမ်ဆိုတာ ဘယ်သူလဲ ?? ဟန်နာကို ရှောင်ကျန့်သတ်ခဲ့တာမဟုတ်ဘူးလား. . နောက်ထပ်ရှိနေခဲ့သေးတာလား. . ဒီကောင်ဘယ်သူလဲ ?? တဖွဲ့တည်းသားချင်းတွေလား ?? *

*ဒုက္ခပဲ ! လုယွင် မင်းဝင်ပါတာနဲ့ မင်းပါအဖမ်းခံရလိမ့်မယ်. . ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေက ငါ့ကြောင့်ဖြစ်တာ ! လုယွင် မင်းဝင်ပါစရာမလိုဘူး. . . *

ရှောင်ကျန့်လည်း Yibo တစ်ယောက် လုယွင်ကိုပါထပ်ပြီး ဖမ်းချုပ်မှာကို မလိုလား၍ လုယွင်ကို ထွက်ပြေးဖို့ တောင်းဆိုလာတော့သည်။

" လုယွင် ! မင်းပြေးတော့ . . . "

သူပဲအဖမ်းခံမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုယွင်ပုခုံးကိုအနောက်သို့တွန်းထုတ်လိုက်သည်။ သို့သော် လုယွင်ကလည်း ခေါင်းမာမာနဲ့ ရှောင်ကျန့်ကို သူကယ်နိုင်ရမယ်ဆိုပြီး အရင်ဆုံး ရှောင်ကျန့်ရဲ့ဂုတ်ကို လက်စောင်းနဲ့အားပြင်းပြင်းရိုက်ချလိုက်တော့သည်။

. . . . . . . . . . . . ဒုတ် . . . . . . . . အ . . . . . . . . . . . . .

လုယွင်ရဲ့ရိုက်ချက်ကြောင့် ရှောင်ကျန့် ပုခုံးတစ်ဝိုက်ထုံကျင်အောင့်တက်သွားပြီး မြေပြင်ပေါ် မေ့လဲကျသွားလေသည်။ လုယွင်လုပ်ပုံကြောင့် Yiboအနည်းငယ်ဒေါသထွက်သွားရပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

အန္တရာယ်ဖြစ်မယ့်ကောင်မို့ ကြိုကာကွယ်ဖို့ ဆိုင်းပြင်လိုက်တယ်ဆိုပေမယ့် ရှောင်ကျန့်ကိုမေ့လဲအောင်လုပ်တဲ့အတွက် သူ့မသိစိတ်ကဒေါသထွက်သွားတာအမှန်ပါ။ ဘာကြောင့်အဲ့ဒီလိုဖြစ်တယ်ဆိုတာ သူကိုယ်တိုင်မတွေးတောနိုင်ခဲ့ပေ။

"မင်းဘယ်သူလဲ !! "

Yibo သူ့ကိုပြန်တိုက်ဖို့ဆိုင်းပြင်ပြီး မေးလာတော့ လုယွင်က တစ်ဖက်သတ်ပြုံးလာခဲ့ကာ သူ့လက်ထဲက ဓါးမြှောင်ကို ဝှစ်ခနဲထုတ်ချလိုက်သည်။

Soulmate (Completed Story)Where stories live. Discover now