Part 8

11.6K 1.3K 21
                                    

[Unicode]ပြာယာခတ်ပြီးသောကပူနေတဲ့လုယွင်တစ်ယောက် အပေါင်ခံဆိုင်ထဲက မျက်မှန်တစ်လက်နဲ့ အရပ်ရှည်ရှည် ဆံဖွေးဖွေး အဖိုးကြီးတစ်ယောက်ကို အကူညီတောင်းရှာတော့သည်။ သူကတော့ ဂိုဏ်းအတွက် ဆေးကုသပေးတဲ့ ဆရာချန်ဆိုသူပါ။

ထိုအဖိုးကြီးကတော့ အပေါင်ခံဆိုင်မှာနေတဲ့ ဂိုဏ်းဆရာဝန်တစ်ယောက်။ သူကတော့ နဂိုက ဆရာဝန်တစ်ယောက်ပါ။ လူနာကိုခွဲစိတ်ရင်း မသေသင့်ပဲ လက်ချော်ပြီးလူနာသေခဲ့ရလို့ ထောင်ကျခဲ့တာ. . . . . .

ထောင်ကိုဖောက်ပြေးရင်း Satanအဖွဲ့က သူ့ကိုနေစရာလေးပေးခဲ့တာပါ။ Satanဂိုဏ်းဝင်ဖြစ်သွားတော့ ဘယ်သူမှ သူ့ကိုဝရမ်းထုတ်ပြီးမဖမ်းကြတော့တာ။

သူကလည်း Satanပေးတဲ့နေရာမှာပဲ ဘဝကိုဇာတ်မြုပ်နေနေခဲ့တဲ့ဆရာဝန်ပါ။ ဆိုင်ထဲဝင်လာသော သူတို့၂ယောက်ကို ထိုအဖိုးကြီးလည်း ကပြာကယာခေါ်လိုက်သည်။

" ဘာဖြစ်လာကြတာလဲ. . . . "

လုယွင်လည်း သူ့ကျောပေါ်ကရှောင်ကျန့်ကို ကုတင်တစ်ခုပေါ် အသာတင်လိုက်၏။ ဆရာချန်လည်း ကုတင်ပေါ်သတိလစ်နေတဲ့ရှောင်ကျန့်ရဲ့ကိုယ်ကိုစမ်းသပ်ကြည့်ရင်း -

"သူဘယ်လိုဖြစ်လာတာလဲ . . . . အေးစက်နေတာပဲ. . . . အဖျားကြီးနေတာထင်တယ်. . . . "

"အဖျားကြီးရင် ပူကြပ်နေတာမဟုတ်ဘူးလား ဆရာချန် "

ထိုဆရာချန်ကလည်း တစ်ခါတလေ ဂေါက်ဖြစ်နေတာမို့ လုယွင်သတိထားကြီးကြပ်ပေးရသည်။ တော်ကြာ မှားကုပေးမည်ကိုကြောက်ရသည်။

ကုပေးမယ့်ဆရာကလည်းသူကလွဲပြီး မရှိတော့လည်း ရင်တမမနဲ့ကုခိုင်းရ၏။ ဆရာချန်က ရှောင်ကျန့်ရဲ့အကျီၤကိုဆွဲချွတ်လိုက်ပြီး သူ့ရင်ဘတ်ကိုစမ်းကြည့်လေသည်။

"သူအပြစ်ပေးခံထားရတာပါ ဆရာချန်. . . ခေါင်းဆောင်ကသူ့ကိုရိုက်နှက်ထားတာ. . . "

ဆရာမမေးပဲ လုယွင်မှာ စိုးရိမ်စိတ်နဲ့အလိုလိုဖြေနေခဲ့၏။ ဆရာချန်က ရှောင်ကျန့်ပုခုံးက ညိုမည်းစွဲနေတဲ့အစင်းကြောင်းကိုသေချာစိုက်ကြည့်သည်။ ရင်ဘတ်ကို လက်နဲ့ဖိစမ်းပြီး စစ်ဆေးနေ၏။

Soulmate (Completed Story)Where stories live. Discover now