Part - 48

7.1K 879 85
                                    

[Unicode]. . . . . . . . . . . . . ရှောင်ကျန့် အသာလုပ်ဟ ပစ္စည်းတွေက အကောင်းတွေနော် . . . . . . .

ဝမ်လင်းမင်ကတော့မီးဖိုခန်းထဲကနေ ဘာမှမသိပဲ လှမ်းအော်သတိပေးနေလျှက်_

ရှောင်ကျန့်လည်း ရုတ်တရက်ဆိုတော့ လက်ထဲမှာရှိတဲ့ပန်းကန်တစ်ချပ်ကိုခွဲလိုက်ပြီး ဖန်ကွဲစနဲ့ ထိုလူကိုပြန်ခုခံဖို့ကြံလိုက်သည်။

. .  . . . . . . .   .. . . . .   ဒုန်း . . . . ခွပ် . . . . . . . . . . . . ..

တစ်ယောက်နဲ့တစ်ယောက် လျင်မြန်ဖျက်လတ်တဲ့တိုက်ကွက်တွေနဲ့ တိတ်တဆိတ်တိုက်ကြတော့သည်။ ထိုတစ်ယောက်က ရှောင်ကျန့်ရဲ့တိုက်ကွက်တွေကြားမှာ ရုန်းမထွက်နိုင်ပဲ ဝဲလည်နေတာကိုကြည့်ရခြင်းဖြင့် သူက သိပ်ကျွမ်းကျင်တဲ့အဆင့်မဟုတ်မှန်း ရှောင်ကျန့်သိလိုက်သည်။

သူ့ရဲ့ဓါးတိုက်ကွက်တွေကို ရှောင်ရင်း အနောက်ကနေ ရှောင်ကျန့်က ဖန်စနဲ့ ဆွဲခြစ်လိုက်၏။

. . .   . .    . . .     . အ . . . . . . . . .. . . .

အားနဲ့မို့ ထိုတစ်ယောက်ရဲ့ အင်္ကျီစအထဲသို့ဖန်စကစိုက်ဝင်ပြီး ကျောတစ်ပြင်ကို ခြစ်မိသွားလေသည်။ သူနာကြင်စွာအော်သံအဆုံးမှာ ရှောင်ကျန့်က ‌ခြေနဲ့ဆောင့်ကန်လိုက်ပြီး မျက်နှာဖုံးကိုဆွဲခွါလိုက်၏။

မျက်နှာဖုံးရဲ့နောက်ကွယ်မှာ သူအရမ်းရင်းနှီးတဲ့မျက်နှာတစ်စုံကိုမြင်လိုက်ရတော့ ရှောင်ကျန့်လည်းအံ့ဩထိတ်လန့်သွားမိသည်။

"ညီလေး ၂ "

တကယ်တော့ လုံကျစ်ဟာ မိဘမဲ့ဂေဟာကနေအခေါ်ခံခဲ့ရပြီး တစ်ခါက ရှောင်ကျန့်လေ့ကျင့်ပေးခဲ့ရတဲ့ ညီလေး ၂ ဆိုသူပါ။ အခုလို သူပေးတဲ့ပညာနဲ့သူ့ကိုပြန်တိုက်တယ်ဆိုတော့ ရှောင်ကျန့်တကယ်စိတ်မကောင်းဖြစ်မိပြီး မျက်ရည်တောင်ဝဲမိပါသည်။

လုံကျစ်ကတော့ သူ့ကိုမုန်းတီးနေတဲ့အကြည့်နဲ့ကြည့်ရင်း . . . . . ဓါးနဲ့ ရှောင်ကျန့်လည်ပင်းကို ထိကပ်ပြီးချိန်ရွယ်လိုက်၏။ လုံကျစ်မှန်းသိပြီးကတည်းက ရှောင်ကျန့်တကယ် ဘာမှမတုံ့ပြန်ရဲတော့ပဲ ကြောင်ရပ်နေခဲ့သည်။

"မခေါ်နဲ့ . .  အဲ့ဒီနာမည်ကို မင်းပါးစပ်ဖျားကနေမခေါ်ထိုက်ဘူး သစ္စာဖောက်ကောင် "

Soulmate (Completed Story)Where stories live. Discover now