Part-69

8.5K 861 55
                                    

[Unicode] . . . . . . . ဘုန်း. . . . . . . ဒုန်း. . . . . . . . . .

မြေအောက်ခန်းကို စုံထောက်ဖန်တို့ရှာတွေ့ပြီးနောက် အောက်ထပ်ကိုအမြန်ဆင်းလိုက်ကြရာ တွေ့ရ‌တာကတော့ . . . . . . .  ပါးစပ်အဖုံးလေးတွေနဲ့ ဘိန်းထုတ်နေကြတဲ့ ဆယ်ကျော်သက်ကလေးတွေကိုပါ။

ဘိန်းကို စက်ပစ္စည်းတွေနဲ့ ပြုလုပ်ယူတာဖြစ်ပေမယ့် အဲ့ဒီစက်တွေကိုထိန်းချုပ်ဖို့ကလေးတွေကိုခိုင်းခဲ့တာဖြစ်သည်။ သနားစရာကလေးတွေမှာ အဲ့ဒီမြေအောက်ခန်းထဲမှာ ဘိန်းငွေ့ဒဏ်တွေနဲ့ အရေပြားတွေမွဲခြောက် ပိန်လိန်နေခဲ့ကြသည်။

ရဲတွေဝင်လာကြတော့ ကလေးတွေမှာ ကြောက်လန့်ပြီး အနောက်မှာ စုပြုံရပ်သွားကြလေသည်။

"မကြောက်ပါနဲ့ . . . မမတို့က မင်းတို့ကိုကယ်မလို့ပါ "

သေနတ်ကိုယ်စီနဲ့ရဲတွေဆိုတော့ ကလေးတွေလန့်နေတာမှန်း ချင်းယီသိ၍ ‌ဖြောင်းဖြနှစ်သိမ့်စကားဆိုပေးလာခဲ့သည်။

ချင်းယီစကားကိုကြားတော့ ကလေးတွေမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြရင်း-  ကလေးတစ်ယောက်က သူ့မျက်နှာအုပ်ကိုဖြုတ်ချကာ ချင်းယီခါးကိုအတင်းသွားဖက်တော့သည်။

"သားတို့ကိုကယ်ပါ ! ဒီမှာမနေချင်တော့ဘူး "

သူမခါးကိုဖက်ရင်းငိုငိုယိုယိုပြောလာတော့ ချင်းယီလည်းစိတ်မကောင်းဖြစ်မိပြီး ထိုကလေးကိုပြန်ဖက်လိုက်သည်။

သူတို့နှစ်ယောက်လုပ်ရက်ကိုမြင်တော့ တခြားကလေးတွေလည်း မျက်နှာအုပ်တွေ အကာကွယ်တွေကိုချွတ်လိုက်ကြသည်။ အဲ့ဒီနောက်ကွယ်က သူတို့မျက်ဝန်းလေးတွေဟာ မျှော်လင့်ချက် အလင်းရောင်တွေသန်းနေခဲ့ပြီး မျက်ရည်တွေစိုကွှဲနေခဲ့ကြသည်။

"ဒီကအမြန်ထွက်ရအောင် ! "

ဒါနဲ့ သူတို့တွေ ကလေးတွေကိုအပြင်ထုတ်ခေါ်ရင်း -

. . . . . . . ဒိုင်း. . . . . . .ဒိုင်း . . . . .ဒိုင်း . . . . . . . . .

သူတို့အဆောက်ဦးထဲကနေထွက်ပြီး ကလေးတွေကိုခေါ်လာတော့ အနောက်ဘက်ကနေ သေနတ်သံတသဲ့သဲ့ကြားလိုက်ရသည်။ အရှေ့မှာ လူရမ်းကားတစ်ချို့ကို သူတို့အဖွဲ့တွေဖမ်းထားနိုင်တာတွေ့ရပေမယ့် Yiboကိုလည်းမတွေ့ရသလို ချောင်ယွမ်ကိုလည်းမတွေ့ရသေးတော့ သူတို့တွေစိုးရိမ်သွားကြရသည်။

Soulmate (Completed Story)Where stories live. Discover now