Part 4

13.3K 1.3K 19
                                    

[Unicode]~ ~ ~ ~ ~ ~ ~ သူ့ကိုသတ်လိုက် ...... သေချာချိန် . . . .

ရုတ်တရက် အမိန့်ပေးသံတွေ အော်ငံတွေ မီးအကြီးကျယ်လောင်နေတဲ့မြင်ကွင်းတွေ . . . . ~~ သွေးပျက်စရာမြင်ကွင်းတွေကို အကြိမ်ကြိမ်ထပ်ခါတလဲလဲမြင်နေရ၍ အိပ်မက်ကနေ အတိတ်ဆိုးကနေ လွတ်မြောက်အောင် ကြိုးစားနေသောသူ . . . ။

ထိုမြင်ကွင်းတို့က နှလုံးသားကို တဆစ်ဆစ်နဲ့နာကြင်စေပြီး သူ၏နဖူးမှာလည်း ချွေးတု့ိတွဲလဲခိုလာခဲ့သည်။ အသက်ရှုနှုန်းတွေလည်း မြန်လာလျက် ---

"မလုပ်ပါနဲ့ . . . . မလုပ်ပါနဲ့. . . . . . . "

ထပ်ပြီး မြင်ကွင်းထဲ၌ ထိုင်ခုံမှာချည်နှောင်ခံထားရသော ကလေးတစ်ယောက် ပေါ်လာခဲ့သည်။ ထိုကလေးရှေ့က လူတစ်ယောက်ဟာ မီးတိုက်ထား၍ ရဲပတောင်းခတ်နေသောသံချောင်းတစ်ခုကို လက်နှီးစုပ်ဖြင့်ကိုင်ဆောင်လာသည်။
သံချောင်းရဲ့ထိပ်မှာ စြင်္ကာပုံစံမီးနီကွင်းတစ်ခု။

အဲ့ဒီမြင်ကွင်းကို မြင်ရလေလေ သူပိုပြီး ကြောက်လန့်လာသလိုပင်။

~ ~ ~ ~ မင်း အခုကစပြီး Satanဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီ ~ ~ ~ ~ ~ ~ ~ ~ ဟင့်အင်း. . . . . .Arrrrrrrrrr! ! ! ! !

ဘေးကလူနှစ်ယောက်ဟာလည်း ထိုကလေးရဲ့အကျီၤကိုဆွဲဖြဲကြပြီး အကျီၤလစ်ဟာသွားတဲ့အဖြူ ရောင်ရင်ဘတ်လေးပေါ် ထိုမီးရဲရဲတောက်နေသော သံချောင်းနှင့်ထိတို့ခြင်းခံလိုက်ရပြီးနောက်. . . ရင်ထဲအသည်းထဲထိ ပူလောင်နာကြင်ရ၍ အားကုန်အော်ဟစ်နေသည့်အသံ ~ ~ ~ ~

ထိုအပူဟာ ခေါင်းထဲအထိ ပူလောင်သွားရပြီး မျက်ရည်တွေအလိုလိုစီးကျလာစေခဲ့သည်။

~ ~ ~ ~ ~ ~အား . . ~ ~ ~ ~ ~ ~ ~ ~ ~

အိပ်မက်ကနေ ကလေးတစ်ယောက်၏ပူလောင်မှုနှင့်ထပ်တူ ခံစားလိုက်ရပြီး ဝုန်းခနဲထထိုင်လိုက်သည့် လူတစ်ယောက်။ မျက်လုံးအစုံဖွင့်လိုက်ခါမှ အိပ်မက်ဆိုးတစ်ခုဆိုတာမှန်း သူသတိနှင့်ထိန်းချုပ်ပြီး အသက်ကိုမှန်အောင်ပြန်ရှုလိုက်ရသည်။

နဖူးပေါ်ကျနေသောသူဆံပင်တို့မှာ ကြောက်လန့်မှုတို့ဖြင့် ချွေးစို့နေခဲ့သည်။ တချို့မှာလည်း သူ့ရဲ့သွယ်လျသော မေးရိုးကနေ အောက်သို့စီးကျနေသည်။ တစ်ချိ့ကလည်း သူ့နားထင်မှာ။
တစ်ကိုယ်လုံးမှာလည်း ရေစွတ်ထားသလို စိုရွှဲနေ၏။

Soulmate (Completed Story)Where stories live. Discover now