Part - 24

9.3K 1.3K 88
                                    

[Unicode]. . . . . . . . 1 . . . . . 2. . . .  1 . . . .   2 . . . . . . . . . . .

မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်လာတဲ့ ဂျစ်ကန်ကန်ကလေးဆိုး သုံးလေးယောက်နဲ့အတူ ဂိုဏ်းမှာရှိတဲ့တက်သစ်စGangstarလေးတွေကို အဖွဲ့ဝင်တစ်ယောက်က ကိုယ်ခံပညာတစ်ချို့ကိုသင်ပေးနေ၏။ အဲ့ဒီမှာ ရှောင်ကျန့်လည်း ခေါင်းဆောင်ကသူ့ကိုဒီမှာအလုပ်ပေးထားတာမို့ ဘေးကနေ ကြီးကြပ်ပေးနေခဲ့သည်။

"ထပ်ပြီး အားပြင်းပြင်းလေး. . . . .  "

ဘေးကနေ ထိုင်ရာကမထ စီးကရက်တစ်လိပ်ကိုသောက်ပြီး အမိန့်ပေးနေ၏။

" အကို ၃ . . ကျွန်တော်နဲ့တစ်ခါလောက်တိုက်ပေးနိုင်မလား. . . .  "

ထိုစဉ် သူ့ဘေးနားမှာ သူ့ကိုစိန်ခေါ်လာတဲ့ ဆယ်ကျော်သက်ဝန်းကျင် ကောင်လေးတစ်ယောက်။ သူလည်းအဖွဲ့အနေနဲ့မကြာခင်ဖြစ်လာမှာပါ။ တကယ်သတ်တော့ဖြတ်တော့မယ့်စတိုင်နဲ့စိန်ခေါ်လာတဲ့ကောင်လေးကို ရှောင်ကျန့်ပြုံးကြည့်လိုက်ရင်း -

"Okလေ. . . တိုက်ကြည့်တာပေါ့. . . .  "

သူလည်းလေ့ကျင့်ရေးမဆင်းခဲ့တာကြာကြီမို့ ထိုကောင်လေးနဲ့တိုက်ဖို့စိတ်ကူးလိုက်ပြီး စီးကရက်ကိုမြေပေါ်ချပြီးခြေထောက်နဲ့ဖိနှိပ်လိုက်၏။

"ကဲ. . .  စရအောင်. . .  ! . . . . "

တိုက်ခိုက်ဖို့ဟန်ပြင်လိုက်ပြီးတဲ့အခါမှာ ထိုကောင်လေးက သူ့ဆီအတင်းပြေးလို့လာသည်။

. . . . . . . . . . .  Yarrrrr. . . . . . ကျား. . . . . ကျား. . . . . . .

ထိုကောင်လေးလည်း သူတတ်သမျှ ှမှတ်သမျှ တိုးတိုက်လို့နေသည်။ ရှောင်ကျန့်တစ်ယောက် သူ့တိုက်ကွက်လေးတွေကိုရှောင်ရင်း ပြန်တိုက်လေ၏။ ထိုကောင်လေးက ဘာမှမတွေးတောပဲ သူသိထားသမျှ တွန်းတိုက်နေသည်က တစ်ချိန်ကYiboရဲ့တိုက်ကွက်တွေနဲ့တောင်ခပ်ဆင်ဆင်ပင်။

သူ့စိတ်ထဲမှာ Yiboနဲ့တိုက်နေရသလိုခံစားလာမိပြီး စိတ်ထွေပြားသွားခဲ့ရသည်။ မျက်ဝန်းထဲမှာလည်း ချက်ချင်းအလွမ်းရိပ်တစ်ချို့ဝင်လာလေတော့.  -

. . . . . . . . . . . . အ. . . . . . . . , . . . . , . . . . . .

ထိုကောင်စုတ်လေးက သူ့အနောက်ကိုလျင်မြန်စွာလှည့်လိုက်ပြီး သူ့ရဲ့လက်တစ်ဖက်ကိုအတင်းဆွဲလိမ်လိုက်လေသည်။ အဲ့ဒီအကျင့်ကလည်းတော်တော်လေးတူနေလေ၏။

Soulmate (Completed Story)Where stories live. Discover now