Part - 43

7.6K 994 54
                                    

[Unicode] . . . . . . . . . အား . . . ကျွတ်ကျွတ် . . . ဟူး . . . . . 

အိမ်လေးထဲကို အားအင်ကုန်ခမ်းနေတဲ့ခြေလှမ်းတို့နှင့်ဝင်လာတဲ့ လုယွင်။ အိမ်ထဲရောက်တော့ ဆက်ပြီးမလျှောက်နိုင်တော့တာမို့ စားပွဲတစ်ခုမှာ သူလက်ကိုထောက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

ထို့နောက် စားပွဲပေါ်က ရေဗူးကို ဆွဲယူပြီးသောက်လိုက်၏။ ဒဏ်ရာကြီးကြီးမားမားတော့မရပေမယ့် ထိုးကျိတ်ခံရတဲ့ဒဏ်တွေနဲ့ သူ့မျက်နှာကနည်းနည်းတော့ယောင်နေလေရဲ့။

"ချိန်ရန် . . . ချိန်ရန် အခန်းထဲမှာလား . . . ထွက်ခဲ့ဦး . . . . "

သူလှမ်းခေါ်လိုက်တော့ တစ်အိမ်လုံးက သူ့အသံနဲ့ပြည့်နေပြီး ချိန်ရန်ရဲ့အရိပ်အယောင်တစ်စက်မှ မတွေ့ရတော့ . . . . . . .

"ချိန်ရန် . . .  ချိန်ရန် ငါခေါ်တာ ကြားလား . . . မင်းဘယ်မလဲ ချိန်ရန် ချိန်ရန် . . . "

ရဲတွေလက်ထဲကနေ မနည်းလွတ်အောင်ပြေးခဲ့ရ၍ မောရတာကတစ်ကြောင်း ထိုကောင်လေးကပါပျောက်‌နေတော့ လုယွင်ရင်ထဲပူသွားပြီး တစ်အိမ်လုံးကိုလှည့်ပတ်ပြီး ရှာလေတော့သည်။

*အပြင်ထွက်တတ်အောင် သင်ပေးထားတာ ငါမှားပြီလားမသိဘူး. . . ဘယ်တွေကိုသွားနေတာလဲ . . . ဘယ်များရောက်သွားတာလဲ . . . ဈေးဝယ်သွားတာများလား . . . မှောင်တောင်မှောင်နေပြီကို ဘယ်ထွက်သွားတာလဲ . . .  *

လုယွင်မှာ တစ်အိမ်လုံးနှံ့အောင်ရှာရင်း ချိန်ရန်ကိုမတွေ့ရ၍ စိုးရိမ်ကြီးသွားရ၏။

*ဧကန္တ . . . စုံထောက်ဖန်က ငါ့ရဲ့အကြောင်းစုံကိုသိသွားပြီး ချိန်ရန်ကိုပြောပြလိုက်ပြီလားမသိဘူး. . . ဒါနဲ့ပဲ သူငါ့ဆီပြန်မလာတော့ရင် . . . *

ရုတ်တရက်ခေါင်းထဲအဲ့ဒီအတွေးဝင်သွားတော့ ဘယ်လိုမှမခံစားနိုင်ပဲ ထိတ်လန့်တုန်ခိုက်သွားရသည်။

. . . . . . . . . . ဒေါက် ဒေါက် ဒေါက် . . . . . . .  . . . . . . 

ထိုစဉ် တံခါးခေါက်သံကြားရ၍ လုယွင်အမြန် တံခါးကိုသွားဖွင့်လိုက်သည်။ တံခါးဝရှေ့မှာ တုတ်လေးတစ်ချောင်းဖြင့် ကြောင်တောင်တောင်နဲ့ရပ်နေတဲ့ချိန်ရန်။

Soulmate (Completed Story)Where stories live. Discover now