Part-62

6.9K 747 28
                                    

[Unicode]. . . . .အ . . .အား  . . . . ကျစ် . . . . . . အစ် . . . . . .

တိတ်ဆိတ်နေတဲ့ တစ်နေရာမှာတော့ နာကြင်စွာညည်းညူသံတွေ ခိုအောင်းနေခဲ့သည်။ အသံလာရာကတော့ အိမ်ရဲ့သန့်စင်ခန်းထောင့်တစ်နေရာကပဲဖြစ်သည်။

ထပ်ပြီးတွေ့လိုက်ရတာက တစ်ခုခုကြောင့် နာကြင်စွာညည်းညူနေတဲ့ရှောင်ကျန့်ကိုပါ။ ဘယ်လိုတောင်နာကြင်နေရလဲဆိုရင် သူ့နားထင်မှာချွေးစေးတွေပေါက်ပေါက်ကျရသည်အထိပင်။

သူတကယ်ပဲဘာလုပ်နေတာလဲ။ သူရူးများရူးနေပြီလားမသိ ဓါးတစ်လက်နဲ့ကိုယ့်ရဲ့ဘယ်ဘက်ပေါင်ကိုထိုးစိုက်ခဲ့တာ . . . ဒါတင်မကသေးပဲ ဓါးဒဏ်ရာအထဲကို သူ့ရဲ့လက်ချောင်းတချို့ထိုးစိုက်ပြီး တစ်ခုခုကိုစမ်းရှာနေသလို။

သူ့လက်တွေလှုပ်ရှားလိုက်တိုင်း ပေါင်သားထဲကနေ သွေးစတွေလျှံထွက်လာပြီး တစ်ကိုယ်လုံးပင်တုန်လောက်သည်အထိ အသည်းခိုက်အောင်နာကြင်ရသည်။

နာကြင်မှုကိုသက်သာစေဖို့ဆိုပြီး စိတ်ဖြေဖျောက်တဲ့အနေနဲ့ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာဖိကိုက်သောက်ထားရင်း -

"မြန်မြန်ထွက်လာပါတော့ "

#မင်းသတိထားပြီးနေ . . မကြာခင်မင်းကိုရှာလို့‌တွေ့တော့မှာ . . . ကောင်းကောင်းပုန်းနေ. #ဆိုတဲ့ သတိပေးစာတစ်ခုကို သူ့ရဲ့GPSဆက်သွယ်ရေးကနေတဆင့်ဖုန်းထဲကနေရရှိခဲ့၍ သူထိတ်လန့်ပြီး  သူ့ပေါင်စိုင်ထဲမှာရှိနေခဲ့တဲ့GPSကို သူထုတ်နေတာဖြစ်သည်။ ဒီအရာကြောင့် သူ့ကိုခြေရာခံမိ‌နေပြီလားဆိုပြီး သူထုတ်နေခဲ့ခြင်းပင်။

. . . . . . .  အား . . . . . . အစ်  . . . . . . . . . . .

အဲ့ဒီGPSအလုံးလေးက ဘယ်ကိုများရောက်နေလဲမသိ နဂိုကထည့်ခဲ့တဲ့နေရာကိုပြန်ခွဲထုတ်ရှာပေမယ့် ကြည့်ရတာ အလုံးကတည်နေရာပြောင်းသွားပြီထင့်။ သူစမ်းရှာနေသော်လည်း မတွေ့။ တစ်ကိုယ်လုံးလည်းနာကြင်လို့ တုန်ခိုက်နေသည်။

                      💢💢💢💢💢

. . . . . . .. . . . . . . .Ti Ti Ti Ti Ti Ti . . . . . . . . ..  . 

ထိုစဉ် သူ့ဖုန်းမြည်လာ၍ ခနရပ်ပြီး ဖုန်းကိုကိုင်လိုက်မိသည်။

Soulmate (Completed Story)Where stories live. Discover now