Part - 42

7.3K 855 42
                                    

[Unicode]" ဖွားဖွား . . . ဝယ်ခိုင်းလိုက်တဲ့ မုန့်နဲ့နွားနို့တွေ "

အနားတစ်ဝိုက်ဈေးကို လည်ပတ်တတ်နေပြီဖြစ်တဲ့ ချိန်ရန်တစ်ယောက်က သူဈေးသွားဝယ်ရင် ဘေးအိမ်က မသွားနိုင် မလာနိုင်တဲ့အဖွားကြီးကို ကူညီပေးလျက်ရှိသည်။ သူဘယ်လောက်များကြံ့ခိုင်လာပြီလဲဆိုတာ အဲ့ဒါသာကြည့်တော့ . . . 

မတတ်နိုင်ပဲ ဒီဘဝရောက်လာတော့လည်း ဒီဘဝမှာ ကောင်းကောင်းကျင်လည်ရတော့မည်မဟုတ်ပါလား . . . . . . . .

အပြင်ထွက်တတ်လာတော့ ဘေးပတ်ဝန်းကျင်ကိုသူသတိထားတတ်လာပြီ။ သူ့အိမ်ဘေးကတစ်ထပ်အိမ်တစ်လုံးဆီက တစ်ကိုယ်တည်းနေတဲ့အဖွားကြီးကို သူ ဈေးဝယ်ပေး သူတတ်နိုင်သလောက်ကုညီပေးသည်။

အဖွားကြီးက တစ်ကိုယ်တည်းနေထိုင်တာဖြစ်ပြီး ပင်စင်လစာနဲ့ထိုင်စားနေသူတစ်ယောက်မို့ ချို့တဲ့ချူချာသည်။

"အေး စားပွဲပေါ်တင်ထားခဲ့နော် လူလေး . . . . "

"အအမ်းရော ထားခဲ့တယ်နော် နောက်ထပ် ကျွန်တော်ဘာကူပေးရဦးမလဲ "

"ရပါပြီကွယ် ဒါနဲ့တင် လုံလောက်ပါပြီ "

"နောက် လိုတာရှိရင် ကျွန်တော့်ကိုပြောနော် . . . "

"အေးပါကွယ် . . . "

အဖွားကြီးကို သူနှုတ်ဆက်လိုက်ပြီး သူ့အိမ်သို့ သူပြန်လျှောက်လာခဲ့သည်။ ညနေစောင်းနေရီရီမှာတိုက်ခတ်လေ့ရှိတဲ့ ဆောင်းလေအေး‌တို့မှာ  နွေဦးဓါတ်တို့အနည်းငယ်ရောဖြန်းပြီး နွေးနွေးလေးဖြစ်နေခဲ့သည်။

. . . . . . .  . . အား . . . . . .  ဟင်း ~~~~အစ် . . .  .

ထိုစဉ် တစ်နေရာရာက ပြင်းထန်စွာအသက်ရှုရှိုက်‌နေတဲ့အသံတစ်ခုကို သူကြားလိုက်ရသည်။ ဘယ်ဘက်ကကြားနေရလဲဆိုတာ ချိန်ရန်‌ခြေလှမ်းတွေကိုရပ်တန့်လိုက်၏။ ထို့နောက် သူ့နားကို အာရုံစူးစိုက်ထောင်ရင်း . . . .

*ငါတို့အိမ်နဲ့မျက်နှာချင်းဆိုင်က ထောင့်တစ်နေရာရာမှာဖြစ်မယ် . . . ဒုက္ခရောက်နေတဲ့ပုံစံပဲ . . . *

ချိန်ရန်လည်း ခန့်မှန်းတာတွေ ကျွမ်းကျင်နေပြီဆိုတော့ သူခန့်မှန်းတဲ့နေရာကို ‌တုတ်လေးနဲ့ထောက်စမ်းပြီး လျှောက်သွားတော့သည်။

Soulmate (Completed Story)Where stories live. Discover now