Part-64

6.5K 769 27
                                    

[Unicode]"Yibo. . . yibo. . . . . "

ရှောင်ကျန့်နေမကောင်းတဲ့အတွက် တနေ့လုံးရုံးဖျက်ထားပြီးအနားမှာရှိနေခဲ့ရာ နောက်နေ့မနက်မှာ ပင်ပန်းပြီးကုတင်ဘေးမှာမှောက်လျှက်လေးအိပ်ပျော်နေခဲ့ရှာသည်။

တနေ့လုံးစလိုင်းသွင်းလိုက်ရတော့ ရှောင်ကျန့်အဖျားကျသွားပြီး သူ့လက်လေးတွေမှာသာမန်အပူချိန်ပဲကျန်ရှိတော့၏။ အဲ့ဒီလက်တွေနဲ့ တစ်ဖက်စောင်းမှောက်လျှက်အိပ်နေတဲ့Yiboရဲ့ပါးတစ်ဖက်ကို အသာပုတ်ရင်း ခပ်တိုးတိုးနှိုးနေခဲ့မိသည်။

. . . . . . . . . . .Humm ~ ~ . . . ဟင် . . . . . . . . .

သူနှိုးလိုက်တော့ အိပ်ချင်မူးတူးနဲ့ Yiboထလာခဲ့သည်။ ရှောင်ကျန့်ကတော့ သူ့ကို မျက်နှာငယ်လေးနဲ့ကြည့်နေရင်း-

" တစ်ညလုံးကြီး ဒီတိုင်းအိပ်နေတာလား . . . ဟိုရှေ့ကခုံရှည်ပေါ်သွားအိပ်တာမဟုတ်ဘူး  "

သူ့ဘေးနားမှောက်အိပ်နေတာမြင်ရတော့ မသက်မသာဖြစ်လို့ သူ့ကုတင်နဲ့မျက်နှာချင်းဆိုင်မလှမ်းမဝေးက ခုံရှည်ကိုမေးငေါ့ပြလာ၏။ သူပြောတော့ Yiboကနှုတ်ခမ်းလေးစူပြီးခေါင်းရမ်းပြလာသည်။
(အပြင်မှာဘယ်လောက်တည်ငြိမ်ရင့်ကျက်နေပါစေ ရှောင်ကျန့်နဲ့ဆိုရင် yiboတကယ်ကလေးလေးတစ်ယောက်လိုပင်။ )

"ဟင့်အင်း မင်းအနားမှာနေချင်လို့ . . . အခုဘယ်လိုနေသေးလဲ ? "

ဆရာဝန်လိုစစ်ဆေးတတ်တာမဟုတ်ပေမယ့်လည်း ကုန်းကုန်းလေးထပြီး ရှောင်ကျန့်ရဲ့နဖူးကိုလက်ဖဝါးနဲ့အုပ်မိုးစမ်းကြည့်လိုက်သေးသည်။

"သက်သာနေပါပြီ . . . ငါတကယ်ဘာမဖြစ်တော့ဘူး မင်းပင်ပန်းနေရင် အိမ်ပြန်နားပါလား . . . မနေ့ကရုံးလည်းမသွားလိုက်ရဘူး . . . "

"မင်းအနားမှာအိပ်ရလို့ ဒီမယ်အားတွေပြည့်နေတာပါနော် . . . ကြည့်ကြည့် "

သူ့ကြောင့်ပင်ပန်းရတယ်လို့မမြင်‌စေချင်၍ Yiboက ဗလမရှိရှာတဲ့သူ့လက်မောင်းကိုအတင်းကျုံ့ပြီးကွေးပြလာလေ၏။ သူ့လုပ်ရက်က ကလေးဆန်လွန်းပြီးချစ်စရာကောင်းတာမို့ ရှောင်ကျန့် နှစ်လိုစွာပြုံးရယ်မိပါသည်။

Soulmate (Completed Story)Where stories live. Discover now