Part- 44

7.6K 962 27
                                    

[Unicode]"မင်းသိလား ချင်းယီနဲ့ငါ့ကို မင်းအောင်သွယ်ပေးတိုင်း ငါဘယ်လောက်ခံစားရလဲဆိုတာ . . . ငါစိတ်ဆိုးမိတယ်ဆိုတာလည်းအဲ့ဒါကြောင့်ပဲ . .  ငါ့ကိုတခြားသူနဲ့အောင်သွယ်ပေးရင် ငါမုန်းတယ် . . . ငါဘယ်သူ့ကိုမှစိတ်မဝင်စားဘူး . . . အဲ့ဒီအရုပ်ကိုကြိုက်ခဲ့တာလည်း မင်းကြောင့်ပဲ . .  အခု ငါ့ခံစားချက်ကို မင်းနားလည်ပြီလား "

အမူးလွန်ပြီး ခံစားချက်တွေပေါက်ကွဲနေတဲ့ Yiboကို ရှောင်ကျန့် မယုံကြည်နိုင်စွာငေးကြည့်နေရင်း -

*ဒါ ဒါ တကယ်လား အိမ်မက်လား . . . မင်းငါ့ကို ဒီလိုပြောလာလိမ့်မယ်လို့ငါတကယ်မထင်မိဘူး . . . ငါကိုယ်တိုင်လည်း အဲ့ဒီအရုပ်ကိုကြိုက်ခဲ့တာ မင်းကြောင့်ပါ . . .  မင်းတစ်ခုခုဖြစ်မှာကို ငါအရမ်းကြောက်တယ် မင်းကိုငါ့အနားမှာပဲရှိစေချင်တယ် . . . အဲ့ဒီခံစားချက်အစစ်မှန်ကဘာလဲဆိုတာ ငါနားမလည်ဘူး . . . ငယ်သံယောဇဉ်ကြောင့် ဖြစ်တာလား အဖြေရှာဖို့ခက်တဲ့စိတ်တွေဖြစ်နေတာလားဆိုတာ . . . . . *

သူ့အပေါ် မူးမူးရူးရူးနဲ့ဖွင့်ပြောလာတဲ့ Yiboကို ဒွိဟဖြစ်နေတဲ့ အကြည့်တွေနဲ့စိုက်ကြည့်နေရင်း -

"ဟော. . . . သားပြန်လာပြီလား . .. "

ဝမ်လင်းမင် အိမ်ကိုပြန်ရောက်လာခဲ့သည်။ ရှောင်ကျန့်လည်း လန့်သွားပြီး Yiboကိုတွဲလိုက်ရင်း -

"ဦး ဦးလေးသားက ဒီနေ့တော်တော်ပျော်နေတယ်ထင်တယ် . . . မူးပြန်လာတယ် . . . "

Yiboကိုတွဲရင်း ပြောလာတော့ ဝမ်လင်းတစ်ယောက် ကျေနပ်စွာထရယ်တော့၏။

"wow . . . . ငါ့သား သောက်ပြန်လာတယ် ဒီနေ့မိုးရွာတော့မှာပဲ . . . သူသောက်တယ်ဆိုတာတော်တော်ရှားတယ် ရှောင်ကျန့် မင်းထိန်းပေးလိုက်ပါဦး haha "

ဝမ်လင်းမင် ကျေကျေနပ်နပ်ပြောစကားနောက်မှာပဲ ရှောင်ကျန့် ဒယိမ်းဒယိုင်ဖြစ်နေတဲ့Yiboကိုကူတွဲရင်း အခန်းကိုလိုက်ပို့တော့၏။

. . . . . . . . . . . ငါပြောတာကိုကြားရဲ့လားလို့ . . .  ရှောင်ကျန့် . .  ရှောင်ကျန့် . ယောန့်ကျန့်. . ငါ့ကိုခံစားရအောင်မလုပ်ပါနဲ့နော် . . . . . ရှောင်ကျန့် . . . . . . .

Soulmate (Completed Story)Where stories live. Discover now