Part-67

6.1K 745 10
                                    

[Unicode]. . . . . . . . ချထားကွ . . . . .လုပ်ထားကွ . . . . . . . .

. . . . . .ဒုန်း . . . . .ဒုန်း . . . . . . . ဒုန်း. . .ဒုန်း  . . . . . . .

ထိုလူအင်အားကောင်းလှပုံကတော့ ဘေးကပရိသတ်တွေတအံ့တဩဖြစ်ရသည်။ စိတ်ရိုင်းတွေလည်းပေါက်လာပြီး အတင်းရှောင်ကျန့်ကိုလိုက်ရမ်းနေရာ ရှောင်ကျန့်မှာ လှည့်ပတ်ရှောင်နေရ၏။ သူ့လက်သီးတချက်ကျတဲ့နေရာမှာ သံဇကာတောင်အပေါက်တွေဖြစ်လို့ပင်။

*ငါဘယ်လိုလုပ်ရမလဲ . . . . . . . . *

ရှောင်ကျန့်မှာ ထောင်ချောက်ထဲမိနေတဲ့ယုန်တစ်ကောင်လိုပင် ထွက်ပေါက်လည်းမတွေ့တဲ့အပြင် ထိုလူ့ကိုဘယ်လိုဖြိုလဲရမှန်းမသိ။ သူ့တကိုယ်လုံးလည်းတော်တော်ပင်ပန်းနာကြင်နေရသည်မို့ အပေါ်ကိုတစ်ချက်မော့ကြည့်မိ၏။

စည်းဝိုင်းနဲ့မနီးမဝေးသီးသန့်အပေါ်ထပ်အခန်းမှာ သူ့ကိုမိန့်မိန့်ကြီးကြည့်နေတဲ့ ချောင်ယွမ်ရှိနေသည်။  ချောင်ယွမ်ကတော့ သူဒုက္ခရောက်နေတာကိုကြည့်ပြီး တော်တော်‌ကျေနပ်နေသည့်ပုံပါ။

*အားလုံးကို အမြန်ဆုံးအပြီးသတ်လိုက်ချင်တယ် . . . . ဒါတွေကိုကျော်ပစ်လိုက်ချင်ပြီ . . . . . *

သူအတွေးထဲနစ်သွားစဉ် ထိုလူကသူ့အင်္ကျီစကိုဆွဲကိုင်ရင်း သူ့ဝမ်းဗိုက်ကို ဒူးခေါင်းနဲ့ဆောင့်ကန်လိုက်၏။ အူတွေ အသည်းတွေအောက်မေ့ရတဲ့နာကြင်တဲ့ခံစားမှုတချို့ကြောင့် ရှောင်ကျန့် ခါးကုန်းသွားရသည်။

. . . . . . ချထားသားရီး. .  .. . . . ငါ့ကောင်ကွ . . . . . . . . .   . . . . .

နောက်တော့ သူ‌ရှောင်လို့လည်းမရတော့ပဲ ထိုလူ့လက်ထဲကိုရောက်သွားရသည်။ ထိုလူ့ရဲ့အဆက်မပြတ်ထိုးကျိတ်ဒဏ်တွေကိုခံရရင်း နောက်ဆုံး သူ့မေးရိုးကို ထိုလူကလက်သီးနဲ့မော့ရိုက်ချလိုက်သည်။ တစ်ချိန်တည်းရှောင်ကျန့်ပါးစပ်ထဲမှ သွေးတွေဖြန်းခနဲအန်ထွက်လာပြီး နောက်သို့ပက်လက်လန်လဲကျသွားတော့၏။

. . . . . . နိုင်ပြီကွ. . . . . ငါ့လူနိုင်ပြီကွ . . . . . . . . .

. . . . ဖျောက် . . . . . .ဖျောင်း . . . . . .ဟေးဟေး . . . . . . . .  .

ရှောင်ကျန့်မှာလည်း သတိလစ်မတတ်ဖြစ်သွားရှာတော့ အားလုံးကသူ့ကိုသေပြီလို့ထင်ကြပြီး လောင်းကြေးကပိုက်ဆံတွေကို ရယူပြီး ထိုလူကိုအားပေးနေခဲ့ကြ၏။ ထိုလူကလည်းလက်မြှောက်ပြီးအောင်ပွဲခံနေလို့။

Soulmate (Completed Story)Where stories live. Discover now